>military parade and gatting pass Than Shwe

>

မိုးမခတောထဲက သတင်းအပိုင်းအစများ
စစ်ရေးပြတာတွေ မလုပ်ရတဲ့ အကြောင်းရင်း နဲ့ အဟန့်အတား ကျော်ဖြတ်နည်း
အဝေးကြည့်မှန်ပြောင်း
မတ် ၂၈၊ ၂၀၁၁


စစ်သံမှူးတို့နှင့် ဇနီးများ

အောက်ကပုံကို ရှုပါအုံး။ ဒီနေ့ထုတ် သတင်းစာ မျက်နှာဖုံးတွေပါ။

စစ်သံမှူးတို့နှင့် ဇနီးများ ဆိုပဲ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ ရေးထားတယ်။ သို့ကလို ရေးသားချက်အရ ဆိုရင် အမေရိကန်စစ်သံမှူးမှာ ဇနီး ရှိသလို ဖြစ်နေပြီပေါ့။ အင်း – အရမ်း စိတ်ဝင်စားဖို့ ကောင်းနေပြီ။ ဒါကြောင့် ဒီဓာတ်ပုံကို မျက်နှာဖုံး တင်ထားတာ ဖြစ်လိမ့်မယ်။

စစ်သံမှူး Brey Sloan ကို နှုတ်ဆက်နေတဲ့ ချိုကုပ်ဒူးကြီး

အင်္ဂလိပ်လိုထုတ်တဲ့ သတင်းစာမျက်နှာဖုံးမှာ ဒီအမျိုးသမီးကြီးနဲ့ တွဲရိုက်ထားတဲ့ပုံကို ထည့်တာဟာ အမေရိကန်တို့ကို ဖော်လံဖားချင်တာများလား။ အင်း – ဖြစ်နိုင်ပေတာပေါ့လေ။

မြန်မာလိုထုတ်တဲ့ ကြေးမုံမြန်မာ့အလင်းတို့မှာတော့ တခြားစစ်သံမှူးများကို အသားပေးထားလေရဲ့။ ငါတို့က အမေရိကန်ကို ဂရုမစိုက်ဘူးဟေ့ လို့ မြန်မာလိုဖတ်တဲ့ ပရိသတ်ကို ပြောချင်တာများလား။ အဝေးက ကြည့်တာမို့ ဒီလိုပဲ တွေးမိပါတယ်။
မြန်မာသတင်းစာအဖုံး




စစ်ရေးပြအခမ်းအနား နားရခြင်းအကြောင်း

ဒီနှစ်တော့ စစ်ရေးမပြဘူး တဲ့။ ပေါတာကြီးတို့ ပိုက်ဆံမရှိလို့ နားတယ် ထင်ရင် မှားမှာပေါ့။ ဘာကြောင့် နားသလဲ ဆိုတာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး ကြိုင်ကြိုင်တို့သာလျှင် ဧကန် သိနိုင်မှာပါ။ အခု မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ မြင်တာ ပြောရရင် –

နေပြည်တော်တိုင်း စစ်ဌာနချုပ်က စစ်ရေးပြပွဲမှာ သတင်းစာထဲကဟာတွေ ဖတ်ပြနေတဲ့ ဗိုလ်မှူးချုပ်မောင်မောင်အေး
စစ်သားတွေလည်း ပေါတာကြီးတို့ကို ရိုက်သတ်ချင်လောက်အောင် မုန်းနေပြီလေ။ ဒါကြောင့် အမုန်းတရားတွေ၊ အဲဒီအမုန်းတွေကနေ ပေါက်ဖွားလာမယ့် သေနတ်ပြောင်း ကိုယ့်ဘက်လှည့်တာတွေ ရင်မဆိုင်ရဲလို့ ဖြစ်ပါလိမ့်မယ်။
နေပြည်တော်တိုင်း စစ်ရေးပြပွဲပုံမှာ ကြည့်ပါအုံး။ စစ်ရေးပြသူတွေကို သေနတ် ပေးမကိုင်ဘူး။ ကျည်ဆံထည့်မထားတဲ့ သေနတ်တောင် ပေးမကိုင်ဘူး။ အဲဒီသေနတ်တွေကို ၀ိုင်း အရိုက်ခံရမှာ စိုးရိမ်ပုံပဲ။ ဗေဒင်ဆရာတွေက ပေါတာကြီးတို့ကို ဘယ်လောက်တောင် လျှောက်ဟောထား ပြောထားလည်း မသိ။

အဟန့်အတား ရင်ဆိုင် ကျော်လွှား ဆိုပဲ
ဘယ်လို ကျော်လွှားမလဲတော့ မသိဘူး။ မတ် ၂၇ နီးတော့ သတင်းစာတွေမှာ ပေါတာကြီးရဲ့ ကျက်သရေရှိလွန်းတဲ့ပုံနဲ့ ဟာသတွေ နေ့တိုင်း မျက်နှာဖုံးတင်နေတာလေ။ ဒါ လွန်ခဲ့တဲ့ လေးရက်လောက်က ဖြတ်စ။
မြန်မာပြည်မှာ အင်တာနက်က အင်တာဖြူ ဖြစ်နေပြီ။ မျက်ဖြူဆိုက်အောင် လုပ်ထားလို့လေ။ ဒီအဟန့်အတားကတော့ တော်တော် ကြီးတာပဲ။ ရင်ဆိုင်ကျော်လွှားရ အင်မတန်ခက်တယ်။ ပရော်စီ တွေ ထည်လဲသုံးလည်း အဟန့်အတားကို မကျော်နိုင်ဘူး ဖြစ်နေတယ်။
အင်း – ပေါတာကြီးကတော့ အကြံပေးနေတာပဲ – တိုင်းရင်းသားအားလုံးရဲ့ တာဝန်ဖြစ်သည် တဲ့။ ကဲ – ကျော်လိုက်ကြစို့။ ။


ကျက်သရေရှိတဲ့ ပေါတာကြီးနဲ့ ကျက်သရေရှိတဲ့ အာဘော်တွေ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts