>World Poetry Day in Rgn

>

၂၀၁၁ ကမ္ဘာ့ကဗျာနေ့ ရန်ကုန်မြို့တွင် ကျင်းပ
တာရာဝေယံ
မတ် ၂၂၊ ၂၀၁၁
(ဓာတ်ပုံများ – မိုးမခ)



၂၀၁၁ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်း၊ ယုဒဿန်ရိပ်သာမှာ ယမန်နေ့ နေ့လယ် ၁ နာရီကနေ ၆ နာရီအထိ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ကဗျာဖတ်ခြင်း အစီအစဉ်၊ ကဗျာစာတမ်းဖတ်ခြင်း၊ ကဗျာသီချင်း၊ အော်ပရာ၊ ကဗျာပြဇာတ်၊ ကဗျာသံချပ် စတဲ့ အစီအစဉ်တွေ ထည့်သွင်း တင်ဆက်နိုင်ခဲ့ပါတယ်။

ကဗျာဖတ်ခြင်း အစီအစဉ်မှာ ကဗျာဆရာ ၄၀ ကျော်က သူတို့ရဲ့ ကဗျာများကို ကိုယ်တိုင် ဖတ်ကြား၊ ရွတ်ဆိုကြပါတယ်။

အခမ်းအနားကို ဆရာ ဒဂုန်တာရာ ပေးပို့တဲ့ ကမ္ဘာ့ကဗျာနေ့ သ၀ဏ်လွှာ ဖတ်ကြားပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ကဗျာစာတမ်း ဖတ်ကြားခြင်း အစီအစဉ်မှာ ဆရာစည်သူငြိမ်းက “ဆရာပါရဂူပြောသော ကဗျာအကြောင်း နှင့် ဆက်စပ်သောအတွေးများ”၊ ဆရာမောင်သာချိုက “ကဗျာသဘောတရား၊ ကဗျာအနုပညာ”၊ ဆရာသစ္စာနီက “မျက်မှောက်ခေတ် မြန်မာကဗျာရေစီးသစ်”၊ ဆရာဇော်ဇော်အောင်က “အောင်ချိမ့်ပြောတာ ကောင်းကောင်းကြားရတယ်”၊ စတဲ့ စာတမ်းတွေ ဖတ်ကြပါတယ်။

ကဗျာသီချင်း အစီအစဉ်မှာ ကိုရန်နောင်ဦးနဲ့ အဖွဲ့က ဆွေဦးမြင့်ရဲ့ “မိုးခေါင်သူများ”၊ သင်းဝေအောင်ရဲ့ “အသံမဲ့သီချင်း”၊ မင်းထက်မောင်ရဲ့ “သမိုင်းများ” စတဲ့ ကဗျာတွေကို သီချင်းများအဖြစ် ဖန်တီးကာ တီးခတ် တင်ဆက်ကြပါတယ်။

သစ္စာနီရဲ့ “စီထားပါ (မြင်းစိုင်းသူများ)” ကဗျာအော်ပရာ၊ မင်းထက်မောင်ရဲ့ “တြိတို့စကားပြောခန်း” ကဗျာပြဇာတ်ကိုလည်း တင်ဆက်ပါတယ်။

အခမ်းအနားမှူးအဖြစ် ကဗျာဆရာ မောင်စိမ်းနီက ဆောင်ရွက်ပြီး အခမ်းအနားကို မောင်စိမ်းနီရဲ့ “မိုးလားလေလား” ကဗျာသံချပ်နဲ့ အနားသတ်ခဲ့ပါတယ်။

အခမ်းအနားတွင် ကဗျာရွတ်ဖတ်ကြသော ကဗျာဆရာများ

ဝိုင်ချို၊ ခန့်မင်းထက်၊
နေစိမ့်၊ လင်းသဏ်ညီ၊
ရင်နီ၊ ဇော်လူစိမ်း၊
မာန်ထက်သာ၊ စိုးမင်းအောင်၊
ညိုပြာဝိုင်၊ မှိုင်း(ဆေး-၂)၊
သော်ဇင်အုန်း၊ ချစ်တိုးနွယ်၊
အေမွန်၊ မင်းထင်ကိုကိုကြီး၊
မအိ၊ ငငါး(ကွမ်းခြံကုန်း)၊
မြတ်ခိုင်ဦး၊ ကျေးတော်မျိုး၊
မြတ်၊ လူနှင်းချို၊
မိုးဦးဆွေညိန်း၊ ညိုသစ်ငယ်၊
ဆူးခက်မင်း၊ ကျော်ထူး၊
မိုဃ်းဇော်၊ ခိုင်မျိုး၊
ငုအိမ်ထက်မြက်၊ စုမီအောင်၊
အောင်ရင်ငြိမ်း၊ အောင်ခိုင်မြတ်၊
ကွန်စစ်ကောင်း




အေမွန်

ချစ်တိုးနွယ်

ကွန်စစ်ကောင်း

မှိုင်း(ဆေး-၂)

ခိုင်မျိုး
ခင်မြဇင်

ကိုခါး

မအိ

မောင်စိမ်းနီ

မောင်သာချို

မင်းထက်မောင်

မိုးဦးဆွေညိန်း

မိုဃ်းဇော်

မြတ်

နိုင်သစ်နီ

ညီမင်းညို

ညိုပြာဝိုင်

ကဗျာအော်ပရာ


သစ္စာနီ




ရန်နောင်ဦး

ရင်နီ

ဇော်လူစိမ်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts