>
တွေ့လိုက်ရင်
ဗုံးခွဲမယ် ဆိုတာချည့် …
သူ့လက်ထဲမယ်
ဘယ်လိုဗုံးမျိုးမှ မရှိတာလည်း
ကိုယ်ဟာ သိထားသူပါ …
ဗုံးခွဲလိုက်ရင် ဘာဖြစ်မှာလဲ …
မေတ္တာ တရားတွေ
မိုက်ရိုင်း ထွားကျိုင်းလာမှာလား …
ဒါဆိုရင်လည်း နင့် မေတ္တာဗုံးထဲမှာ
ငါ့ ချစ်ခြင်းမေတ္တာတချို့ကို မျှဝေပါရစေ …
ကမ္ဘာမြေရဲ့ဒဏ်ရာတွေကို ဆေးကုမလို့ …
ဗုံးခွဲခြင်းအားဖြင့်
အပြုံးနည်းသွားမယ်ဆိုတာ
နင် မသိဘူးလား …
ခွဲခြင်းခွဲရင်
ငါ့ အချစ်ဘူးကလေးနဲ့ နင့် အချစ်ဘူးလေးကိုသာ
စုပြီး ခွဲ
ကောင်းကင်နံရံမှာ
ချစ်ခြင်းမေတ္တာတွေပဲ
ရဲပလောင်းခပ်သွားမယ် …
နင်နဲ့ငါ
အတူတူ ဗုံးခွဲကြပါစို့ …