>Thit Kaung Eain – Troubles

>

ကမ္ဘာနဲ့ ငါရဲ့ဒုက္ခများ
သစ်ကောင်းအိမ်
မတ် ၁၅၊ ၂၀၁၁
မြန်မာပြည်မှာ ကြပ်ပြေး ကဒါဖီ ကြောက်ရ
ထိုင်းရောက်တော့ ထိုင်းရဲ ကြောက်ရ
ဒေါက်တာလွဏ်းဘလော့ဂ် ဝင်တော့
ဆောင်းပါးရှင် အက်ဆစ် ကြောက်ရ
နယူးယောက် ရောက်ပြန်တော့
အသေခံလေယာဉ်ပျံကြီးတွေ ကြောက်ရ
တို့သာကီနွယ်မျိုးတွေရဲ့ထိုးဇာတ်မှာ
မနှစ်က သင်္ကြန်မဏ္ဍပ်ဗုံးပေါက်တော့
ငိုယိုကြ ရင်ထုကြ
ရန်တွေ့ကြ ဒေါသထွက်ကြ
မတရားစွပ်စွဲခံ ဗုံးခွဲတရားခံတွေကို ထောင်ချတော့
လင်မယား ဖက်အိပ်မပျက်ကြ

နောက်ကျခဲ့ပြီ
ကဗျာဆရာလုပ်မယ်ကြံ
ကဗျာက သေပြီဆရာဆိုတော့
ဒီဘဝမှာ ကဗျာဆရာဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ
နောက်ကျခဲ့ပြီ
ဘဏ်ဓားပြလုပ်မယ်ကြံ
ဘဏ်တိုက်ကြီးတွေက ဗိုက်ဟောင်းလောင်းဆိုတော့
ဒီဘဝမှာ ဘဏ်ဓားပြဖြစ်ဖို့လည်း နောက်ကျခဲ့ပြီ
ကြားရတဲ့သတင်းတွေမကောင်းဘူး
မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းဖြင့်
သေခြင်းတရားကို လက်ဦးမှုယူရန်
ဂျုံခင်းထဲ တောကျီးကန်းတွေလန့်ပျံသွားခိုက်
မစောတော့ဘူး ကိုခင်အောင်အေး
ဒါပေမယ့်
ဗန်ဂိုးကို မနှိုးနဲ့တော့ … … …
(၀၃. ၁၄. ၂၀၁၁)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts