>200 Kids in Mae Sot School to celebrate 2 Burmese opposition leaders birthday

>

မဲဆောက်က ကျေးရွာစာသင်ကျောင်းက ကလေး ၂၀၀ နဲ့ ဦးတင်ဦး၊ ဦးဝင်းတင် မွေးနေ့ ကျင်းပမည်
မိုးမခအထောက်တော် မဲဆောက်
မတ် ၁၂၊ ၂၀၁၁
မတ်လ ၁၂ ရက် စနေနေ့ မှာ ကျရောက်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သူရဦးတင်ဦးရဲ့ (၈၄)နှစ်မြောက် မွေးနေ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ (၈၁) မွေးနေ့ပွဲကို မွေးနေ့ရှင်တွေကို လေးစားကြည်ညိုတဲ့ တပည့်သားမြေးတွေက ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကျင်းပမယ်လို့ သိရှိရပါတယ်။
မဲဆောက်မြို့ ကပ်ပိပန်းကျေးရွာက  ဆာမူထော ဆိုတဲ့ စာသင်ကျောင်းက ကလေးငယ် ၂၀၀ ခန့်နဲ့အတူ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ နေ့လည် ၁၁ နာရီမှ စတင်ကျင်းပမယ့် ဒီအခမ်းအနားမှာ ဧည့်ခံကျွေးမွေးတာတွေအပြင် မွေးနေ့ရှင်တွေအတွက် ကလေးငယ်များက မွေးနေ့ကိတ်များ လှီးတာ၊ မွေးနေ့ရှင်တွေရဲ့အကြောင်း ဟောပြောတာ၊ မွေးနေ့ရှင်အတွက် ဆုတောင်းတာတွေလည်း ပါဝင်တယ်လို့ သိရသလို မွေးနေ့ရှင်တွေကို လေးစားကြည်ညိုသူတွေကိုလည်း ကြွရောက်ဖို့ ဖိတ်ကြားထားပါတယ်။
အဲဒီနေ့မှာပဲ ထိုင်းနိုင်ငံ မဲဆောက်မြို့က မိတ်ဆွေကောင်းစာကြည့်တိုက်မှာလည်း အလားတူ မွေးနေ့ အခမ်းအနားကို နေ့လည် (၁)နာရီမှာ ကျင်းပမယ်လို့ သိရှိရပြီး မွေးနေ့ရှင်နဲ့ ပတ်သက်တဲ့ ကျပန်းစကားပြောပွဲနှင့် ဥာဏ်စမ်းပဟေဋ္ဌိ ပြိုင်ပွဲ ကျင်းပ ပြုလုပ်တာတွေ၊ ဆုတောင်းတာတွေ ပါဝင်မယ်လို့လည်း ဆိုပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts