>six months imprisonment for a Burmese in Malaysia

>

ပီနန်တွင် ယာဉ်တိုက်မှုဖြစ်သူ မြန်မာတဦး ထောင် ၆ လ ကျ
thestar.com.my
မတ် ၁၁၊ ၂၀၁၁တရားရုံးတွင် တွေ့ရသည့် မန်ယူဘောလုံးအသင်းအင်္ကျီနှင့် ကိုနေလင်း (ဓာတ်ပုံများ – New Straits Times)


ခရီးသည်တဦးကို ကမ်းခြေအပျော်စီးယာဉ်ဖြင့် ၀င်တိုက်သည့် မြန်မာပြည်သားတဦးကို မလေးရှားတရားရုံးတခုက ကြာသပတေးနေ့တွင် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။

မြန်မာပြည်သားမှာ စက်ရုံအလုပ်သမား ကိုနေလင်း ဆိုသူ ဖြစ်ပြီး သူ ၀င်တိုက်မိသည့် အမျိုးသမီးမှာ တရုတ်နိုင်ငံသူ အသက် ၄၇ နှစ်အရွယ် Zhu Li ဆိုသူ ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ပီနန်ရှိ Batu Ferringhi ကမ်းခြေတွင် Zhu Li တို့ မိသားစု လမ်းလျှောက်နေစဉ် ကိုနေလင်း မောင်းနှင်လာသည့် ယာဉ်က နောက်ဘက်မှ ၀င်တိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့တိုက်မိသဖြင့် Zhu Li ခြေထောက် ကျိုးသွားသည်။

ကိုနေလင်း မောင်းနှင်ခဲ့သည့် အပျော်စီးယာဉ်

အတိုက်ခံရသူ ခရီးသည် Zhu Li ကို ပြုစုနေပုံ


ကိုနေလင်း (အသက် ၃၂ နှစ်) က သူ အပြစ်ရှိကြောင်း စကားပြန်မှတဆင့် ပြောဆိုခဲ့သည်။ ထိုအမှုမျိုးကို ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ရင်းဂစ် ၂၀၀၀ အထိ ချမှတ်နိုင်သည်။

စီရင်ချက်ချမှတ်ရာတွင် တရားသူကြီးက “အတိုက်ခံရသူက ဒဏ်ရာ အပြင်းအထန် ရသွားတယ်၊ အသက်အန္တရာယ်တောင် ဖြစ်သွားနိုင်တဲ့ ယာဉ်တိုက်မှု ဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။

တရားခွင်တွင် ကိုနေလင်းက Zhu Li နှင့် မိသားစုကို တောင်းပန်ခဲ့ပြီး မတော်တဆ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ကျနော် အင်မတန့်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ ၀င်တိုက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျနော် မော်တော်ဆိုင်ကယ် မောင်းတတ်ပါတယ်။ water scooter ကို မောင်းရတာလည်း ဆိုင်ကယ်လိုပဲလို့ ထင်ခဲ့တာ ကျနော် မှားသွားပါတယ်” ဟု သူက ပြောသည်။

ကိုနေလင်းသည် ကွာလာလမ်ပူမြို့တော်တွင် အလုပ် လုပ်ကိုင်သူ ဖြစ်သည်။ မြန်မာပြည်ရှိ မိသားစုကို ထောက်ပံ့ရန် အလုပ် ဆက်လက်လုပ်ကိုင်ရဦးမည်ဟု ဆိုသည်။

တရားခွင်တွင် ရောက်နေသော ကိုနေလင်း၏ အလုပ်ရှင်က ရင်းဂစ် ၁၀၀၀ ကို ပေးဆောင်သွားသည်။

အမှုဖြစ်စဉ်က ကိုနေလင်းနှင့်အတူ မြန်မာအမျိုးသားတဦးလည်း ပါဝင်သည်။ ယာဉ်တိုက်မှု ဖြစ်ပြီးနောက် သူတို့ ၂ ဦးကို ကမ်းခြေစောင့် ကယ်ဆယ်ရေး ၀န်ထမ်းများက ထိန်းသိမ်းပြီး ရဲလက်အပ်လိုက်သည်ဟု သိရသည်။

Zhu Li သည် ပီနန်ဆေးရုံကြီးမှ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ဆင်းလာသည်။ တရုတ်ပြည်သို့ မပြန်မှီ ဒဏ်ရာသက်သာပျောက်ကင်းစေရန် မလေးရှားတွင် ၆ လကြာ ဆက်လက်နေထိုင်ရန် အာဏာပိုင်တို့က အကြံပေးထားသည်။

ထိုယာဉ်တိုက်မှုဖြစ်စဉ်က စာနယ်ဇင်းများတွင် အကြီးအကျယ် ဖော်ပြခဲ့သည်။ ပီနန်အာဏာပိုင်တို့ကလည်း ခရီးသွားများဖြင့် စည်ကားသည့် Batu Ferringhi ကမ်းစပ်တွင် ကမ်းခြေအားကစားလှုပ်ရှားမှုများ ယာယီပိတ်ပင်ခဲ့သည်။ စည်းကမ်းချက်အသစ်များ ထုတ်ပြန်ပြီးမှ ခွင့်ပြုမည်ဟု ဆိုသည်။

မူရင်းသတင်း –
http://thestar.com.my/news/story.asp?file=/2011/3/11/courts/8230226&sec=courts
Jail for water scooter rider
By ANDREA FILMER
andrea@thestar.com.my

GEORGE TOWN: A Myanmar national was jailed six months by a magistrate’s court for ramming his water scooter into a tourist.

Magistrate Noor Aini Yusof also fined furniture factory worker Nay Lin RM1,000 for grievously hurting Zhu Li, 47, at the beach near the Golden Sands Resort in Batu Ferringhi at 9am on Feb 5.

Zhu Li was walking on the beach with five of her family members when she was hit by the machine from behind, leaving her with broken legs.

Nay Lin, 32, who was unrepresented and spoke through an interpreter, had on Feb 16 pleaded guilty to committing a rash or negligent act that could endanger a human life under Section 338 of the Penal Code which carries a maximum jail term of two years or fine up to RM2,000 or both upon conviction.

In passing sentence, Noor Aini said Nay Lin had committed a serious crime that threatened Zhu Li’s life.

“The victim’s injuries were very serious and the incident could have cost her life,” she said.

She added that she had taken into account public safety and the fact that the incident was the migrant worker’s first conviction.

In mitigation, Nay Lin apologised to the victim and stressed that it was an accident.

“I am very sorry, I never meant to hit her. I can ride a motorcycle and thought that riding a water scooter would be the same, but I was wrong,” he said.

Nay Lin, who works in Kuala Lumpur, said he needed to continue working as he has to support his family back in Myanmar.

Nay Lin’s employers, who were present in court yesterday, paid the RM1,000 fine.

It was reported that on the day of the incident, Nay Lin together with another Myanmar national, who was riding pillion, were detained by water sport beach boys after the collision and handed over to the police.

Zhu Li, who was discharged from the Penang Hospital on Feb 23, has been advised to stay in the country for six months to allow her wounds to heal before heading back to China.

The water scooter incident, which made headlines, prompted the Penang government to announce a temporary ban on all water sports on the Batu Ferringhi beach front and the drawing-up of new guidelines for the popular tourist spot.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts