>Aung Tha Nge’s poem – 15

>

ငါဟာ… ပင်လယ်ထဲမှောက်ကျသွားတဲ့ ဆားတပွင့်ဟာ…
အောင်သာငယ်
မတ် ၆၊ ၂၀၁၁


ငှက်တကောင် ဆိုပါစို့…
ပျံသန်းစရာရှိနေလို့ အဲသည့်ခရီးတွေကို
ပျံသန်းပြီးတဲ့အခါ
ငါဟာ အိမ်ပြန်လို့ မဖြစ်တော့ဘူး…
ဒါမှမဟုတ်
အိမ်ပြန်လို့မရတော့ဘူး…

ပန်းတပွင့် ဆိုပါစို့…
စွင့်ကားစရာဖြစ်နေလို့ အဲသည့်မနက်ခင်းတွေမှာ
မိန်ညိုတချို့နဲ့ လတ်လတ်ဆတ်ဆတ် ချပ်ရပ်ပြီးတဲ့အခါ
ငါဟာ မစိမ်းလန်းနိုင်တော့ပါဘူး…
ဒါမှမဟုတ်
မငြိမ်းချမ်းနိုင်တော့ဘူး…

ကြယ်တပွင့်ဆိုပါစို့…
ငရဲမီးလိုလောင်မြိုက်နေရလို့ အဲသည့်ဘ၀ကြီးကို
ဆူပါနိုဗာလို ပေါက်ကွဲပြီးတဲ့အခါ…
ငါဟာ မတည်ရှိတော့ဘူး…
ဒါမှမဟုတ်
ထပ်မံ မသေဆုံးတော့ဘူး…

ငါ့အား…
ဆားတပွင့်ပမာ… … … …

သရုပ်ဖော် – အောင်ထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts