>Friedns of MoeMaKa will pledge to continue the support of NLD works towards Political Prisoners

>

၂၀၁၁ ခုနှစ် မိုးမခမိတ်ဆွေများဆုအဖြစ်  အင်န်အယ်ဒီရဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကို ဂုဏ်ပြု
မဲပေါက်သည့် နို်င်ငံရေးအကျဉ်းသား ၅၀ ကိုလည်း လစဉ် အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲမည်
မိုးမခ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၁
၂၀၁၁ နှစ်သစ်တွင် မိုးမခစာနယ်ဇင်းအဖွဲ့က အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့က ကုညီအားပေးနေသော နိုင်ငံရေးအကျဉ်းသား ၆၀၀ ဦးအား မိုးမခမိတ်ဆွေများဆု ဖြင့် ဂုဏ်ပြုမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့်အတိုင်းလည်း မိုးမခရန်ပုံငွေထဲမှ ဒေါ်လာငွေ ၆၀၀ ကျော်ကို မိုးမခ၀ိုင်းတော်သားများ အလှူအဖြစ် မတည်ခဲ့ပြီး အများပြည်သူအလှူကိုလည်း လက်ခံခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ထောင် တန်ဖိုးဖြင့် ရည်စူးဂုဏ်ပြုမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း တင်ပြလိုက်ပါသည်။
ထို့အပြင် အင်န်အယ်ဒီပါတီကူညီစောင့်ရှောက်နေသည့် နိုင်ငံရေးအကျဉ်းသားစာရင်းများ အနက်မှ စွန့်စားသူ ၅၀ ဦးကိုလည်း မဲနှိုက်ပြီး အဝေးရောက်မိတ်ဆွေများအဖြစ် လက်တွဲခွင့်၊ မိတ်ဆွေဖွဲ့ခွင့် ရခဲ့သည် ဖြစ်ရာ အဆိုပါ အဝေးရောက် မိတ်ဆွေ ၅၀ ဦးနှင့် တကွ အင်န်အယ်ဒီပါတီက စာရင်းပြုစု အားပေးကူညီနေသော နိုင်ငံရေးအကျဉ်းသားများကို မိုးမခမိတ်ဆွေများက လစဉ် အားပေး ဂုဏ်ယူသွားနိုင်ရန် ဆက်လက် ကြိုးစားသွားမည် ဖြစ်သည်။
မိတ်ဆွေဖွဲ့လိုသူများအနေဖြင့် မိုးမခမှ တဆင့် မဲနှိုက်ပြီး မိမိ၏ အဝေးရောက်မိတ်ဆွေ သူရဲကောင်းတဦး၏ အမည်ကို သိရမည် ဖြစ်သည်။ အဝေးရောက်မိတ်ဆွေအဖြစ် လစဉ် အနည်းဆုံး မြန်မာငွေ ကျပ် ၅ ထောင်ဖိုးဖြင့် ကူညီမှုကို စတင်နိုင်သည်။ မိုးမခစာနယ်ဇင်းအဖွဲ့က တာဝန်ယူပြီး အကြောင်းကြားမှု၊ ပြန်ကြားမှုတို့ကို ပြုလုပ်ပေးမည်ဟု ပြင်ဆင်ထားသည်။
ယခုလက်ရှိတွင် မိုးမခမိတ်ဆွေများ၊ ပရိသတ်များဖြင့် အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့၏ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှု လုပ်ငန်းကို ရည်စူး လှူဒါန်းမှုများ စတင်နေပြီ ဖြစ်ရာ လက်ရှိတွင် အလှူရှင် ဦးရေ ၂၀ ရြှိ့ပီး နိုင်ငံရေးအကျဉ်းသား ၂၇ ဦးကို အဝေးရောက်မိတ်ဆွေများအဖြစ် စာရင်းသွင်းထားသည်ကို တွေ့ရသည်။ အလှူရှင်အချို့က အများကောင်းမှုအဖြစ် အင်န်အယ်ဒီ၏ နိုင်ငံရေးအကျဉ်းသားများ ကူညီမှုလုပ်ငန်းသို့ ရည်စူး လှူဒါန်းကြသည်ကို တွေ့ရသည်။
အင်န်အယ်ဒီဦးစီးဆောင်ရွက်နေသော မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများ လှုမှုထောက်ကူပြု အလုပ်များအတွက် အမေရိကန်ပြည်ထောင်စုအနှံ့အပြားရှိ မြန်မာကွန်မြူနီတီများက လည်း ၀ိုင်းဝန်းခြင်း၊ ပံ့ပိုးခြင်း နှင့် အားပေးကူညီမှုများ ပြုလုပ်လာကြသည်ကို  ဆက်လက် သတင်းပေးပို့ ပြန်ကြားပေးပါမည်။ လက်ဆင့်ကမ်း သတင်းပို့ပေးကြပါရန် တောင်းပန်လိုက်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts