>Burma Union Day marked at NLD HQ

>

 ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်ကျင်းပ
မိုးမခ အထောက်တော် ၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၁၂၊ ရန်ကုန်
ယနေ့ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနားကို နံနက် ၁၀ နာရီခွဲခန့်မှ စတင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပခဲ့သည်။ 
အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက အမှာစကားပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံ ညီလာခံစိတ်ဓါတ် နှင့်ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။ အန်အယ်ဒီပါတီဝင်များ၊ စိတ်ဝင်စားသူ လူငယ်များနှင့် ဖိတ်ကြားထားသည့် နိုင်ငံခြား သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ 
ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အတူ ရုံးအရှေ့မျက်နှာစာတွင် ဒေါ်စု ဓါတ်ပုံပိုစတာများ၊ အစားအသောက်များ၊ တိုင်းရင်းသား ရိုးရာပစ္စည်းတို့ကို ရန်ပုံငွေအတွက် ရောင်းချလျက်ရှိသည်ကိုတွေ့ရသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts