>Kyaw Thu Moe Myint – On Feb 13th

>

ဖေဖော်ဝါရီ ဆယ့်သုံးမှာ အတူ
ကျော်သူမိုးမြင့်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁

တနှစ်လုံး ပန်းတွေပွင့်ပေမယ့်
ဒီတလက ထူးခြား
ဆယ့်သုံး …
တပြည်လုံး မွှေးခဲ့ပေါ့
ဆယ့်သုံး …
မလှပနိုင်သေးတဲ့ ငါတို့ ပြက္ခဒိန်မှာ
ဖေဖော်ဝါရီကို ဘယ် သံချေးမှ
အတက်မခံနိုင်ဘူး။

ဆယ့်သုံး…
အဲဒီနေ့မှာ အတူ
နတ်မောက်မှာ အောင်မြေနင်းမယ်

အဲဒီနေ့မှာ အတူ
တကမ္ဘာလုံးက မွေးနေ့ဆုတောင်းတွေ ဖတ်မယ်
ရေဒီယိုဖွင့်

အဲဒီနေ့မှာ အတူ
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သီချင်းဆိုမယ်
တွစ်တာအကောင့် ဖွင့်ထား

အဲဒီနေ့မှာ အတူ
၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲ သွားနွှဲမယ်

အဲဒီနေ့မှာ အတူ
အင်းစိန်၊ သာယာဝတီ…
ပူတာအို၊ ခန္တီး…
အိုးစည်၊ ဗုံ၊ မောင်း တီး ခရီးရှည်လမ်းလျှောက်မယ်
ဒေါင်းအလံလွှင့်

အဲဒီနေ့မှာ အတူ
မန္တလေးက မျက်ရစ်မပါတဲ့ ခြင်တွေကို မောင်းထုတ်ပစ်မယ်
(အမေ လူထုဒေါ်အမာနဲ့အတူ)

အဲဒီနေ့မှာ
အီဂျစ်ပြည်သူတွေနဲ့ အတူ အောင်ပွဲခံမယ်

အဲဒီနေ့မှာ အတူ
အလယ်ရိုးမ ကဗျာ
သမ္မတရုံမှာ ဘာကားလဲ
ဧက္ကရာဇ်ပွင့်တွေ ကြွေတာသွားကြည့်မယ်

အဲဒီနေ့မှာ အတူ
မစ်ရှီဂန်သို့ စာတစောင်ပို့မယ်

အဲဒီနေ့မှာ အတူ
သင်္ကန်းကျွန်းက မျက်ရည်ရွှဲနေတဲ့ အသံတွေ
တရွက်တဗန်းရောင်းမှ ထမင်းစားရတာပါ… တဲ့
အငတ်ခံမယ်
အဲဒီနေ့မှာ အတူ
ဒီရေအတက်မှာ အတူ
ပြန်ကျသွားရင်လည်း အတူ
ဖေဖော်ဝါရီ ဆယ်သုံးမှာ အတူ။ ။

(ဗိုလ်ချုပ်အောင်းဆန်း မွေးနေ့ဂုဏ်ပြုကဗျာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts