>journal pieces on Feb 7

>

နောနော်၊ ဆိုမာလီ၊ ဗိုလ်ချုပ် နဲ့ ညိုမြ
7DAY နဲ့ Envoy ဂျာနယ် ဖြတ်စများ
နွားကျောင်းသား ကိုဝင်း
ဖေဖော်ဝါရီ ၇၊ ၂၀၁၁

7DAY ဂျာနယ် (ဖေဖော်ဝါရီ ၃)


နောနော်ရဲ့ ချစ်သူများနေ့ စိတ်ကူး
နောနော်က တကိုယ်တော် စင်ပေါ် တက်ဦးမယ် တဲ့။ ဒီပွဲမှာတော့ ထူးခြားတာလေးတွေ လုပ်ထားပါတယ်။ အကျိုးအမြတ် ထက်ဝက်က မိဘမဲ့ကလေးတွေဆီသွားမယ်လို့လည်း ဆိုထားလေရဲ့။



ထူးခြားတဲ့ ပန်းချီပြပွဲ
ပြပွဲတင်တဲ့ ပုံတူ ကားတွေထဲမှာ တွံတေးသိန်းသန်၊ ဒေါက်တာ သန်းထွန်းတို့က အစ ဟစ်တလာ၊ ကင်ဂျုံအီတို့အထိ ပါဝင်သတဲ့။

မြစ်သားဇာတိ၊ ၁၉၈၇-၈၈ မန္တလေး ပန်းချီပန်းပုကျောင်းသား၊ လက်ရှိ ပန်းချီ ကာတွန်းရေးဆွဲသူ ၀င်းကိုရဲ့ ထူးခြားတဲ့ ပြပွဲအကြောင်းကို ရေးထားတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒူဘိုင်းကိုလည်း မြန်မာစာရေးဆရာတွေ သွားဟောမည်
ဒူဘိုင်း ဆိုတာ ဘာလဲ၊ ဘယ်သူတွေ သွားမှာလဲ သိနိုင်ဖို့ ဖတ်ပါအုံး။


Envoy ဂျာနယ် (ဇန်န၀ါရီ ၂၇)

အထက်တန်းကျောင်းနဲ့ လက်ကိုင်ဖုန်း
ရန်ကုန်ကျောင်းတချို့ရဲ့ လက်ကိုင်ဖုန်း စည်းကမ်းချက်အကြောင်း သတင်းပါ။
ဒီသတင်းဖတ်ပြီး ဆန်ဖရန်စစ္စကိုမြို့က အထက်တန်းကျောင်းတခုအကြောင်း စုံစမ်းကြည့်တော့ သူတို့လည်း စာသင်ခန်းထဲ လက်ကိုင်ဖုန်း အ၀င်မခံဘူး ဆိုပဲ။ မိရင် သိမ်းမယ်၊ နောက်မှ ရုံးခန်းမှာ သွားထုတ်ပေတော့။ ဖုန်းယူလာတဲ့ ကလေးက စာသင်ခန်းထဲ မ၀င်ခင် သူတို့ရဲ့ သေတ္တာထဲ (locker ထဲ) မှာ သွားထည့်ထားတယ် တဲ့။

ဆိုမာလီ ပင်လယ်ဓားပြ နဲ့ မြန်မာပြည် ဇန်န၀ါရီမှာ ပြန်လွတ်မယ် ဆိုတဲ့ မြန်မာသင်္ဘောသား ၂၃ ဦး သတင်း။ အခုပဲ ဖေဖော်ဝါရီ ရောက်ပြီ၊ မလွတ်သေး။ ငွေကြေး ကိစ္စ အဆင်မပြေသေးဘူး ထင်ပါရဲ့။ ဒုက္ခပါပဲ။

ဆိုမာလီသို့ ပေးစာ
ငနဲသား ပင်လယ်ဓားပြတို့အကြောင်း ရေးထားတဲ့ ဆောင်းပါး။
ဒီငနဲတွေက ရတဲ့ငွေနဲ့ “နိုင်ငံကို တည်ဆောက်နေ”ကြောင်း ရေးထားပါတယ်။
အဲဒီလိုတော့လည်း မဟုတ်ပါဘူး။
“မြန်မာသင်္ဘောသားများလည်း တန်ဆာခံ” ဖြစ်လာပြီလို့ ရေးထားတာကြောင့် ပြုံးစရာ ဖြစ်နေပါတယ်။ ဘယ်ဆောင်းပါးကို ကိုးကားတယ် ဆိုတာပါ ဖော်ပြမထားပါဘူး။
ဂျာနယ်တိုက်တခုမှာ စာစစ်မှူး ၃ ယောက်လောက်တော့ ထားသင့်ကြတာပေါ့။ ဒီလိုထားလိုက်ရင် ဂျာနယ် အရည်အသွေး တက်လာကြမှာပါ။ လစာလည်း အများကြီး ပေးရမှာ မဟုတ်ပါဘူး။


အရီးစိမ်း
ဒီဆောင်းပါးက မြန်မာ့စာနယ်ဇင်းသမိုင်းကြောင်း လေ့လာဖူးသူ၊ လေ့လာနေသူတွေ ဖတ်ချင်ကြမယ့် ဆောင်းပါး ဖြစ်ပါတယ်။ သာမန် စာဖတ်သူကို ရည်ရွယ်ပုံ မရပါ။


စားသုံးသူ သံခိပ်
စားသုံးသူတွေ သိပ်ခံရကြောင်း ခပ်တိုတို ရေးထားပါတယ်။ ဖတ်သင့်ပါတယ်။ ဒီလိုပြဿနာတွေကို ဘယ်လို ရှင်းကြမလဲ။


ဦးသိန်းနိုင် ပြောပြတဲ့ ၁၀ တန်း မြန်မာစာ အကြောင်း
၁၀ တန်းကျောင်းသား၊ ကျောင်းဆရာတွေနဲ့ ပညာရေးဆိုင်ရာ ဆောင်းပါး ဖတ်လိုသူတွေအတွက် သင့်တော်ပါတယ်။


ဗိုလ်ချုပ်နှင့် ညိုမြ
အရမ်းကောင်းတဲ့ ဆောင်းပါးပါ။ ကိုယ်ပိုင်မှတ်စုတွေနဲ့ အိုးဝေညိုမြရဲ့ ဆောင်းပါးတပုဒ်ကို ကိုးကားထားတယ်လို့ ဆိုပါတယ်။


ဆူးငှက်
အစပိုင်းမှာ ခရီးသွားဆောင်းပါး လို့ ထင်ရပေမယ့် နောက်ပိုင်းတော့ သူ့မိတ်ဆွေ စာရေးဆရာတချို့အကြောင်း ရေးထားသည့် ရသ ဆောင်းပါး ဖြစ်နေပါတယ်။ အခန်းဆက် ဆောင်းပါး ဆိုပေမယ့် ကြားဖြတ်ဖတ်လို့လည်း အဆင်ပြေတာ တွေ့ရတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts