>Kyaw Thu – U Ko Ko passed away

>

နေ့မြင် ညပျောက်
ကျော်သူ
ဇန်နဝါရီ ၂၉၊ ၂၀၁၁

ကိုကိုညီညီနှင့် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ရွှေဇီးကွက်တို့ ရင်းနှီးမှုကာလကား ကြာမြင့်လှပြီ ဖြစ်သည်။ ကိုကိုညီညီသည် ကျွန်တော် ရုပ်ရှင်လောကတွင် နာမည်ကြီးနေစဉ် ကာလကတည်းက ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းများ ဖြစ်ခဲ့သည်။

ကျွန်တော်၏ ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရသည့် ဇာတ်ကောင်နှင့် လိုက်ဖက်သော ဆံပင်ပုံစံများကိုလည်း ဖန်တီးပေးခဲ့သူလည်း ဖြစ်သည်။ ကိုကိုသည် လူချစ်လူခင်ပေါများပြီး အပေးအကမ်း ရက်ရောသူ ဒါနရှင် တဦးလည်း ဖြစ်သည်။

ဘာသာတရားကိုလည်း ကိုင်းရှိုင်းသူလည်း ဖြစ်သည်။ ကိုကိုညီညီသည် နာမည်ကြီး ဆံသပညာရှင်များ ဖြစ်သည်နှင့်အညီ ကိုကိုညီညီ တည်းဟူသော Beauty Saloon ဆိုင် မြောက်များစွာနှင့် ဆံသပညာရှင်ပေါင်း မြောက်များစွာ မွေးဖွားပေးခဲ့သော ဆံသပညာရှင်လည်း ဖြစ်သည်။

ယခု ဦးကိုကို ဆုံးရှာပြီ။

ဦးကိုကို (ခ) ချစ်လွင် အသက် (၅၈) နှစ် (KO KO Beauty Saloon) ပိုင်ရှင်သည် ၂၄.၁.၂၀၁၁ (တနင်္လာ) နေ့တွင် ကွယ်လွန်ခဲ့ပြီး ၂၆.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ဦးကိုကိုအား ချစ်ခင်ကြသော မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများ၊ အနုပညာသမားများနှင့် တပည့်တပန်းများဖြင့် စည်ကားစွာ မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ ဦးကိုကိုအား လွမ်းဆွတ် ကြေကွဲဝမ်းနည်းမှုများကား အဆုံးမသတ်နိုင်တော့ချေ။

တနေကွယ် . . . သေနယ်သို့ တခါကူး
မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တကြိမ်သွားရမယ်
တားမရဘူး . . . ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts