>Thee Brothers and Sister will be honoring Zarganar 50th birthday

>

ဇာဂနာ ၅၀ သီးလေးသီး သီးညီနောင် မောင်နှမများ ဂုဏ်ပြုမည်
မိုးမခအထောက်တော် ချင်းမိုင်
ဇန်န၀ါရီ ၂၈၊ ၂၀၁၁
ယနေ့ညနေမှာ ပြည်သူ့အချစ်တော် စွယ်စုံရအနုပညာရှင် လူရွှင်တော်ကိုဇာဂနာရဲ့ ရွှေရတုမွေးနေ့  အထူးဂုဏ်ပြုတင်ဆက်မည့် အနုပညာကပွဲအစီစဉ်အား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တင်ဆက်ကပြဖျော်ဖြေမှာဖြစ်ပါတယ် ။ ကိုဇာဂနာရဲ့ အနုပညာမျိုးဆက်များဖြစ်တဲ့ သီးလေးသီး – သီးညီနောင် မောင်နှမများက အနုပညာ ဂါရ၀ပြုကြမှာ ဖြစ်ပါတယ်။
ကပွဲဖြစ်မြောက်ရေးအတွက် အမေရိကားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာမိတ်ဆွေများက ပူးပေါင်းကူညီပံ့ပိုးပေးကြတယ်လို့ ဆိုပါတယ်။ အကျဉ်းသားများလွတ်မြောက်ရေး တေးသရုပ်ဖေါ် ကကွက်များကိုလဲ အထူးတင်ဆက်ထားကြောင်း သီးလေးသီး လူရွှင်တော် တဦးက ပြောပြခဲ့ပါတယ် ။
သီးလေးသီးနဲ့ ဆေးရောင်စုံ အငြိမ့်အဖွဲ့ဟာ ၂၀၀၇ နှစ်ကုန်ပိုင်းက စတင်လို့ ပြည်ပဖျော်ဖြေရေးပွဲများ ထွက်လာခဲ့ပြီးနောက် စစ်အစိုးရကို ဝေဖန်တဲ့ အနုပညာတင်ဆက်မှုများဖြင့် ထင်ရှားခဲ့ပါတယ်။ ပြက်လုံးတွေ၊ အနုပညာတင်ဆက်မှုတွေဟာ ကိုဇာဂနာရဲ့ လက်ရာတွေဖြစ်တယ်လို့ အများက သဘောထား နှစ်ခြိုက် အားပေးကြပါတယ်။ ယခုလက်ရှိမှာတော့ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး စွမ်းဆောင်သူ၊ စစ်အစိုးရရဲ့ ပျက်ကွက်မှုများကို ဝေဖန်သူ ကိုဇာဂနာကို စစ်အစိုးရက ထောင် ၃၅ နှစ် ချပြီး အကျဉ်းချထားပါတယ်။
ဖိတ်စာက သည်မှာ ဖြစ်ပါတယ်။ အခုညနေ ချင်းမိုင်တက္ကသိုလ်ဝင်း၊ အတ်မြူဇီယံ ခန်းမ၊ ညနေ ၆ နာရီ ခွဲက ၉ နာခွဲ ပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts