၈၈ မျိုးဆက် မင်းကိုနိုင်၊ ကိုကိုကြီး ဖလော်ရီဒါပြည်နယ်၊ မြန်မာမိသားစုများနှင့် တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်းကောက်နုတ်ချက်၊ မေ ၂၇၊ ၂၀၁၃
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းကိုနိုင် နှင့် ကိုကိုကြီး တို့သည် မေလ(၂၆)ရက် နေ့လည် (၁၁)နာရီ (၄၉) မိနစ်တွင် ဖလော်ရီဒါပြည်နယ်၏ Tampa လေဆိပ်သို့ရောက်ရှိပါသည်။ ဖလော်ရီဒါမြန်မာမိသားစုများက လေဆိပ်တွင်ကြိုဆိုကြပြီး တွေ့ဆုံပွဲကို ည (၆) နာရီမှ ည (၉ )နာရီ အထိ ရင်းရင်းနှီးနှီး ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ ဖလော်ရီဒါပြည်နယ်ရှိ မြို့အသီးသီးမှ တိုင်းရင်းသားမိသားစုများ ပရိသတ်ဦးရေ (၁၅၀) ကျော် တက်ရောက်ခဲ့ကြပါသည်။ မနက်ဖြန် မေလ (၂၇) မနက် (၆) နာရီတွင် Tampa လေဆိပ်မှ တဆင့် အင်ဒီးယားနားပြည်နယ်၊ ဖို့ဝန်းမြို့မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲသို့ ဆက်လက်ထွက်ခွါကြမည်ဖြစ်ပါသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
