>Academy award goes to Nay Toe!

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

နေတိုး အကယ်ဒမီ ရပြီ
မိုးမခအထောက်တော်၊ ရန်ကုန်

ဇန်န၀ါရီ ၂၃၊ ၂၀၁၁

၂၀၀၉ ခုနှစ် ရုပ်ရှင်များအတွက် အကယ်ဒမီဆုများကို ယနေ့ ပေးအပ်ချီးမြှင့်ရာ နေတိုးက အမျိုးသားသရုပ်ဆောင်ဆု ရရှိသွားသည်။ မိုးညအိမ်မက်မြူ ဇာတ်ကားဖြင့် ရရှိသွားခြင်း ဖြစ်သည်။

“အကယ်ဒမီရမယ်လို့ ပရိသတ်တွေက ပြောကြတယ်။ ကားကလည်း လေးကားလောက်ရှိတော့ သူတို့ကြိုက်ရာကားနဲ့ ရစေချင်ကြတယ်” ဟူသော နေတိုး၏ ပြောကြားချက်ကို အကယ်ဒမီပွဲ မတိုင်မီက Flower News ဂျာနယ်တွင် တွေ့ရသည်။

7DAY ဂျာနယ်သို့လည်း “ကျွန်တော့် စိတ်ထဲမှာ အကယ်ဒမီ အပေါ် ယုံယုံ ကြည်ကြည်နဲ့ မျှော်လင့် နေတာမျိုး မဟုတ်ဘူး ဆိုရင် တောင်မှ အကယ်ဒမီ ရင်ခုန်မှုတော့ ရှိပါတယ်။ ပရိသတ်တွေရဲ့ စိတ်ထဲမှာလည်း ကျွန်တော့်ကို ရစေချင်တဲ့ စေတနာ ရှိတာကို တွေ့ရ၊ ကြားရတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

(နေတိုးအကြောင်းကို ယခု လဆန်းပိုင်း မိုးမခ သတင်းအညွှန်းတပုဒ် တွင် ဖတ်ရှုနိုင်သည်။)


၂၀၀၉ ရုပ်ရှင်များအတွက် ပေးအပ်သည့် ဆုများ


အမျိုးသားသရုပ်ဆောင် – နေတိုး မိုးညအိမ်မက်မြူ
အမျိုးသမီးဇာတ်ပို့ – စိုးပြည့်သဇင် မိုးညအိမ်မက်မြူ



ဇာတ်ကား – စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး“ကြိုးကြာတောင်ပံခတ်သံ”
ဒါရိုက်တာ – မီးပွား ဇော်က ကနေသည်


တည်းဖြတ် – ဇော်မင်း (ဟံသာမြေ)ကျောက်စက်ရေ
ဇာတ်ညွှန်း – မြင့်ဦးဦးမြင့် – ကြိုးကြာတောင်ပံခတ်သံ


ဓာတ်ပုံ – ကိုကိုဌေးနှင့်အဖွဲ့အတိတ်ရဲ့အရိပ်
တေးဂီတ – ဓီရာမိုရ်ဇော်က ကနေသည်


အသံ – ဆန်းဦးအတိတ်ရဲ့အရိပ်


၂၀၀၉ ခုနှစ် ဇာတ်ကားများ


၁။ အချစ်ဟု အဓိပ္ပာယ် သက်ရောက်ခြင်း မရှိစေရ
၂။ ပင်လယ်ကို ဖြတ်၍
၃။ ဟော့ရှော့(၂)
၎။ ဇော်က ကနေသည်


၅။ ချစ်လို့စတာ
၆။ ယောက္ခမနဲ့ တစ်ထောင့်တစ်ည
၇။ ရှော့ရှိတဲ့ အချစ်များ
၈။ ဝါဆို ဖယောင်းတိုင်

၉။ သူငယ်ချင်း ယောက္ခမ
၁၀။ ချစ်ကံပွင့်နှင့် မချောလေးဆယ်
၁၁။ အတိတ်၏ အရိပ်
၁၂။ အတည်ပေါက်နှင့် နောက်တဲ့သူ

၁၃။ မာမီရှိန်း
၁၄။ မိုးညအိပ်မက်မြူ
၁၅။ ကျောက်စက်ရေ
၁၆။ ကြိုးကြာတောင်ပံခတ်သံ



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts