>Kyaw Thu – FFSS Yangon Activity (22nd January 2011)

>

သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်
ကျော်သူ
ဇန်နဝါရီ ၂၃၊ ၂၀၁

၂၀.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် ၃း၀၀ အချိန်ထိ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် တနေ့တာ နာရေးကူညီမှုပေါင်း ၃၈ ဦးအား မီးသင်္ဂြိုဟ်ပေးခြင်း၊ အအေးခန်းထားပေးခြင်း တို့ကို ကူညီဖေးမ လုပ်ဆောင်ပေးလျှက်ရှိရာ –

နေ့လည် ၁း၀၀ နာရီခန့်တွင် သန်လျင် ဖားအောက်တောရရိပ်သာ၏ ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး မိခင်ကြီး ဆရာကြီး အဘွားဒေါ်သုမေဓာ (ခ) ဒေါ်စိန်လင်း (ပငရွာ) အသက် (၈၅) နှစ်၊ ၀ါတော် (၂၀) သည် ၁၈.၁.၂၀၁၁ (အင်္ဂါနေ့) တွင် ကွယ်လွန်သွားပါသည်။

ဈာပနအခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများ၊ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်နှင့် ဂျပန်နိုင်ငံတွင် အသုံးပြုသော အထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် သွားရောက်၍ ကူညီဖေးမ မီးသင်္ဂြိုဟ်ပေးခဲ့ပါသည်။ ယင်း ဈာပနအခမ်းအနားသည် သန်လျင် နာရေးကူညီမှုအသင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုရေးသမားအချင်းချင်း စည်းလုံးညီညွတ်ခြင်းအင်အားကို ပြသနိုင်ခဲ့သည်။

ယင်း အခမ်းအနား၏ ထူးခြားချက်မှာ ဆရာကြီး အဘွားဒေါ်သုမေဓာ (ခ) ဒေါ်စိန်လင်းကို သက်ဆိုင်ရာ သန်လျင်သုဿန်တွင် မီးသင်္ဂြိုဟ်ခြင်း မပြုလုပ်ဘဲ ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်ကြီး၏ အနောက်ဘက်ဝင်းတွင် မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားတွင် လောင်မြိုက်နေသော မီးတောက်များ၊ မိုးယံသို့ တက်သွားသော မီးခိုးငွေ့များ၊ လောင်ကျွမ်းသွားသော ရုပ်ခန္ဓာတို့၏ အနောက်ဘက် ခပ်လှမ်းလှမ်းတွင် ဖူးမြော်လိုက်ရသော စေတီတော်တို့ကို မြင်တွေ့လိုက်ရသည်နှင့် . . .

သေရင် … မီးခိုးနဲ့ပြာ
ပါသွားမှာက … ကုသိုလ် အကုသိုလ် ဟူသော စကားရပ်ကို ပြန်လည်၍ ကြားယောင်မိတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts