>New Zodiac Sign casued upset among astrology readers and followers

>

 ၁၂ လ သားသမီးများအတွက် ဗေဒင်နက္ခတ် ဂြိုလ်အိမ် (Zodiac Sign) ၁၂ ခု မှ ၁၃ ခုအထိ တိုးပြီ
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၂၀၊ ၂၀၁၁
ဇန်န၀ါရီ ၁၄ ရက်က ဗေဒင်ဆရာ Parke Kunkle (ပါကီ ကန်ကလဲ) က ကမ္ဘာမြေနှင့် နေလ ၊ နက္ခတ်တာရာတို့ ဆက်သွယ်ပုံ အပြောင်းအလဲများ ရှိလာသဖြင့် ယခင်က သုံးစွဲခဲ့သည့် ဗေဒင်ကိန်းခန်း မွေးလ ဂြိုလ်အိမ် ၁၂ မျိုး ရှိခဲ့ရာမှ ၁၃ ခုအထိ ရှိပြီ ဖြစ်ကြောင်း တွက်ချက် ထုတ်ပြန်လိုက်သည်။ ယခုတိုးလာသည့် ဂြိုလ်အိမ်မှာ Ophiuchus: Nov. 29 – Dec. 17 (မြွေအလမ္ဗာယ်ဆရာ ဒဏ္ဍာရီဇာတ်ဆောင်) ဖြစ်ပြီး နိုဝင်ဘာ ၂၉  မှ ဒီဇင်ဘာ ၁၇ အတွင်း မွေးဖွားသူများ ဖြစ်သည်။
ယခုအသစ် မွေးလဂြိုလ်အိမ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
 
Capricorn: Jan. 20 – Feb. 16
Aquarius: Feb. 16 – March 11
Pisces: March 11- April 18
Aries: April 18- May 13
Taurus: May 13- June 21
Gemini: June 21- July 20
Cancer: July 20- Aug. 10
Leo: Aug. 10- Sept. 16
Virgo: Sept. 16- Oct. 30
Libra: Oct. 30- Nov. 23
Scorpio: Nov. 23- Nov. 29
Ophiuchus: Nov. 29- Dec. 17
Sagittarius: Dec. 17- Jan. 20
         ၎င်း၏ ထုတ်ပြန်ချက်ကြောင့် နေ့စဉ် အင်တာနက်ဗေဒင်ကြည့်ပြီး အပန်းဖြေသူ၊ စိတ်ကူးယဉ်သူများကြားတွင် အတော်ကို ဂယက်ရိုက်သွားကြောင်း၊ အငြင်းပွားမှုများ ဖြစ်ပွားကြကြောင်း အင်တာနက်ပေါ်က လူမှုကွန်ယက်များဖြစ်သော ဖေ့ဘွတ်၊ တွစ်တာများ အဆိုအရ သိရသည်။
 
         ယခုသတင်းများတွင် ပြန်လည်ဖော်ပြချက်များအရ အဆိုပါပုဂ္ဂိုလ်၏ တွက်ချက်မှုမှာ အရှေ့တိုင်း ဗေဒင်နည်းကို သက်ရောက်မှုရှိသော်လည်း အနောက်တိုင်း ဗေဒင်နည်းနှင့် မဆိုင်ကြောင်း စောဒကတင်ကြသည်ဟု သိရသည်။ အနောက်တိုင်းဗေဒင်က ကမ္ဘာနှင့် နေကို အခြေခံပြီး အနှစ် ၅ ထောင် သက်တမ်းရှိ အရှေ့တိုင်း ဝေဒဗေဒင်က ကမ္ဘာနှင့် နက္ခတ်တာရာတို့ ဆက်စပ်မှုကို အခြေခံသည်ဟု ဆိုကြရာ Parke Kunkle (ပါကီ ကန်ကလဲ) က ဝေဒပညာဖြင့် တွက်ချက်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။
         မည်သို့ပင်ဖြစ်စေ ကိုယ့်မွေးလဂြိုလ်အိမ်ကို မှီတည်ပြီး တွက်ချက်၍ လတ်တလော ခရီးသွား၊ မင်္ဂလာဆောင်၊ အင်တာဗျူးဖြေ၊ အလုပ်လျှောက်မည့်သူများမှာ အနည်းနဲ့ အများတော့ အကြပ်ရိုက်ကြမည် ဖြစ်ကြောင်း မှတ်ချက်ပေးကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts