>journal pieces on Jan 12

>

မောင်စူးစမ်း စတိုင် စားစရာ နဲ့ စာနာစရာ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၁၂၊ ၂၀၁၀

မြန်မာပို့စ် ဂျာနယ် (ဇန်န၀ါရီ ၁၂)

မောင်စူးစမ်း စတိုင်
ဆရာ မောင်စူးစမ်းရဲ့ လက်ရာပါ။ ခပ်တိုတိုလည်း ကောင်းတာပဲ။
ဖတ်စရာ များလွန်းတဲ့ ဒီခေတ်မှာ စာဖတ် လောဘကြီးသူတွေအတွက် အဆင်ပြေစေမယ့် အရေးအသား ဖြစ်တယ်လို့  ထပ်ပြီး ကောက်ချက်ချ၊ ညွှန်းပါရစေ။



ဒီတပတ် ဘာစာအုပ်တွေ ထွက်သလဲ
မြန်မာပို့စ် ဂျာနယ် မှာတော့ စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။ စာအုပ်စာရင်းလည်း ပါတယ်။ လိုတာရှိရင် သွားဝယ်ပေတော့။ မသွားနိုင်လည်း လှမ်း မှာပေတော့ပေါ့။



ဒီ မိတ်ဆက် ၃ အုပ်က အပေါ်က စာရင်းမှာ မပါဘူး။ လတ်တလော ထွက်လာတာတွေ ဖြစ်နိုင်ပါတယ်။




News Watch ဂျာနယ် (ဇန်န၀ါရီ ၅)

P…fingo နဲ့ အင်တာနက်ဆိုက်
အင်တာနက်ဆိုင်တွေ ၀င်ငွေ ကောင်းတာ P…fingo ကျေးဇူးလဲ ပါတယ် ပြောရမယ်…။ အင်တာနက်ကနေ တယ်လီဖုန်း ၀န်ဆောင်မှု ပေးနိုင်တဲ့ နည်းပညာ တမျိုးပေါ့နော်…။ သိတော်မူကြတဲ့ အတိုင်း အပြင်ကခေါ်ခေါ် အတွင်းကဘဲ ဆက်ဆက်…
တယ်လီဖုန်းခေါ်ဆိုခတွေက မြန်မာပြည်မှာတော့ မကြားဝံ့ မနာသာပါ။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့ ဆိုနိုင်လောက်တယ်။

p…fingo က တကယ်တော့ အခကြေးငွေ နည်းနည်းနဲ့ သုံးနိုင်တဲ့ အင်တာနက် ၀န်ဆောင်မှု တစ်မျိုးပေါ့။ အင်တာနက်ကဖေး တွေရဲ့ ဘော်ချက်တဲ့… စီးပွါးရေးတမျိုးပေါ့…။ စားသုံးသူတွေဘက်က ကြည့်တော့လဲ… သက်သက်သာသာနဲ့ ပြည်ပရောက် မိသားစုဝင်တွေဆီ ဆက်သွယ် နိုင်တယ်လေ။ ခုတော့… အဟက် ခံရပါတယ် ဆိုတဲ့ ပုံပျက်ပန်းပျက် အင်တာနက်ကြောင့် ကဖေးတွေလဲ ခါနာနိမ်း တော့မယ်ဆိုပါလား…။

ပြည်ပရောက် ကိုကို မောင်မောင် မမ တို့… ရွှေထင်တော်လွဲပါနဲ့… အချစ်က သစ္စာမြဲ သော်လည်း… ဆဲချင်စရာ အပြောရခက်လွန်းတာကြောင့်… မဆက်ဖြစ်တာ လနဲ့ချီပါပေါ့… လို့ ရှင်းပြသလို… ရေးထားတာလေးများ … ဖတ်ကြည့်ပါဦးလား… သနားစရာ…။



စားစရာ နဲ့ စာနာစရာ
ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှုမရှိ နှိပ်စက်ပါ၏… လို့ မြန်မာအပါအ၀င် နိုင်ငံအတော်များများ… မှာ တကြော်ကြော်အော် နေသံတွေကိုကြားနေကြရမှာပါ…။ အဲသလို… လူတွေအတွက် အော်နေပေမဲ့ တခြားသတ္တ၀ါတွေအတွက်တော့… မေ့လျော့… ကျကျန်နေခဲ့ သလိုပါဘဲ…။ ဒီသတင်းမှာပါတဲ့ မြင်ကွင်းမျိုးကို ရန်ကုန်မြို့က သိမ်ကြီးဈေး အေ-ရုံတ၀ိုက်မှာ မမြင်ချင်မှ အဆုံးပေါ့…။

ဈေးပို့ဖို့ ကြက်အရှင်တွေ သယ်ပုံသယ်နည်းလေးကို ဆိုလိုတာပါ။ ပြောကြပါလိမ့်မယ် … ခင်ဗျားတို့ဘဲ စားကြတာလေလို့…။

ဒီလိုတော့ရှိပါတယ်…၊ လူတွေကို အပြစ်ရှိလို့… မပေးမဖြစ်လို့ သေဒဏ်ပေးကြတဲ့အခါ… အမြန်ဆုံး အသက်ထွက်ဖို့… အသက်သာဆုံးနည်းနဲ့… သေနိုင်ဖို့ အမျိုးမျိုး… ကြံဆထားကြမြဲမို့လား…။ ကြက်၊ ၀က် အစရှိတဲ့ သတ္တ၀ါတွေ ကိုရော နေရသမျှ အချိန်လေးအတွင်းမှာ သက်သက်သာသာလေး ထားရင် … သယ်ဆောင်ရင် အဆင်ပြေ နိုင်ပါရက်ကနဲ့… သတ္တ၀ါတွေကို မသနားတဲ့ အလကားလူတွေ ဒီမှာ အတော်များလာပုံပေါ်ရဲ့…။

အခုတော့ … မမြင်ဝံ့… မနေသာတဲ့ သူတွေက ဂျာနယ်စာမျက်နှာပေါ် တင်လာ ကြပါပြီ…။ ဖတ်ကြည့်ဆင်ခြင်ကြပါစို့ရယ်…။



အိမ်ရှင်ကို မောင်းထုတ်ခြင်းလို့ ဆိုနိုင်မလား
ခေတ်တွေက ပြောင်းလာတာနဲ့အမျှ… လူ့လောဘတွေနှိပ်စက်ခံရတဲ့… ကမ္ဘာမှာ… စကားပုံတွေတောင် အပြောင်းအလဲ လုပ်ရတော့မယ် ထင်ပါရဲ့… ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ အစား လူနဲ့ဆင် ယာပြင်မှာ တွေ့ပြီခင်ဗျ…လို့လေ…။

သူတို့နေတဲ့နေရာကို သွား နယ်ချဲ့တာက လူတွေပါ…။ နေစရာမရှိ စားစရာပြတ်လို့ ၀င်လာတော့ … သူတို့ကိုပြန်ပြီး သူခိုးလို့ ဟစ်ပြန်တာကလဲ လူတွေပါဘဲ…။ဘေးမဲ့နယ်မြေထဲထိ နယ်ချဲ့တာတော့ မကောင်းပါဘူးဗျာ… ဆင်ခြင်ကြပါလို့… ရေးထားတဲ့…သပိတ်ကျင်းနားက ရွှေဥဒေါင်းတောင် ဘေးမဲ့တောမှာ ဖြစ်နေတဲ့ လူနဲ့ဆင် ပဋိပက္ခ အကြောင်းလေးပါ… ဖတ်ကြည့်ပါဦး…။



ပြည်ပရောက်တွေကို စာနာတဲ့ လူထုစိန်ဝင်း
ခုအခါမှာ… နိုင်ငံကြီးငယ် အသွယ်သွယ်ကို အမယ်မယ်သော အကြောင်းများနဲ့ ရောက်သွားတဲ့ မြန်မာနိုင်ငံသား အတန်ပင်များလို့နေပါပြီ…။ ဒီအထဲ… မလွှဲသာလို့ ခွဲခွါခဲ့ရသူများလည်း အရေအတွက်အားဖြင့် နည်းမယ် မဟုတ်ပါဘူး။ ပြန်လာချင်သူ မလာချင်သူရယ် လို့လဲ ခေါင်းစဉ်ခွဲ လို့ရနိုင်မှာပါ…။

လူထုဦးစိန်ဝင်း ကတော့ မည်သူမဆို အခြေအနေ တခုခုမှာဖြင့် အိမ်ပြန်ချင်စိတ်လေးတွေ အလုံးအရင်းနဲ့ ပေါ်လာတတ်ကြမယ် လို့ ယုံကြည်နေပုံပါဘဲ…။ အိမ်ပြန်ခဲ့ပါတဲ့… ချစ်သူတွေ ပြန်လာပါစေတဲ့… ဆုမွန်တွေ ခြွေနေရှာပါတယ်… ။ ကိုယ်ပါ… ငိုချင်ရဲ့…။



နာဂ နဲ့ သတင်းထောက်
မရောက်တာ ကြာပြီလား မိတ်ဆွေ…။ ဖတ်ကြည့်ပါဦးလေ… တို့တိုင်းပြည် က နာဂတိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးတဲ့ပွဲ တဲ့။
ရေးသူက ကွန်ပျူတာရှေ့က သတင်းထောက် ဖြစ်မယ် ထင်တယ်။ အင်းလေ – နာဂတောင်တန်းအထိ ကွင်းဆင်းပြီးရေးဖို့ စရိတ်ကလည်း ဘယ်လို တတ်နိုင်မှာလဲ၊ ရန်ကုန်မှာ အင်တာဗျူးစရာ နာဂလူမျိုးလည်း ရှာလို့ မရနိုင်ဘူး ဆိုတော့ ဒီလိုပဲ ရေးရတော့မှာပေါ့။


ပေါ့ပ် စာမျက်နှာ
နှစ်သစ်ဆုတောင်း ဆိုတာကို အနုပညာသည်တွေနဲ့ တင်ပြထားပါတယ်…။ ဒီထဲက အားလုံး စိတ်ဝင်စားမယ် ထင်တာကတော့… တေဇ အချစ်တော် နောက်ဆုံးပေါ် “ရွှေစင်” ပေါ့…။ ပရိသတ်ကို ဘယ်လိုချစ်မလဲတော့ မသိ တေဇ မော်တော်ကားကို အချစ်အစမ်းကောင်းတာ… ဘေးက ကားနှစ်စင်းကိုပါ လျော်လိုက်ရဆိုဘဲ…။

အချစ်ကတော့ ခပ် ကြမ်းကြမ်းဘဲ…ဟဲဟဲ။ ပူပူနွေးနွေး သတင်းလေးခင်ဗျ… မိုးမခမှာ ဖတ်လိုက်ရတာလေ… … ဘယ်ကြာသေးလို့တုန်း။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts