>Journal pieces on Jan 9

>

အောင်ဘာလေ ဗေဒင်
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဇန်န၀ါရီ ၉၊ ၂၀၁၀

ဗီးနပ်စ်ဂျာနယ် (ဇန်န၀ါရီ ၆)

ကျော်သူတို့အသင်း
နာရေးကူညီမှုအသင်း (ရန်ကုန်) အကြောင်းပါ။ တကယ်တော့ အသင်းရဲ့ ဆောင်ရွက်ပုံ အလုံးစုံကို ပြည်ပ သတင်း ဧဂျင်စီတွေက တင်ပြ ပေးနေကြတာမို့ အမှတ်တမဲ့ ကြည့်ရင် ထူးခြားတယ်လို့ထင်မယ် မဟုတ်ပါဘူး…။ ပြည်တွင်း ဂျာနယ်တွေမှာ ပါပြီ ဆိုရင်တော့ ထူးခြားပါတယ်…။ ကိုကျော်သူ့ နာမည် ပါမလာသေးတာက လွဲလို့ မဆိုးဘူး ဆိုရမယ်။

မကြာခင်မှာ… သတင်းကောင်းတွေ ကြားရပါစေလို့မျှော်လင့်ရင်း ထည့်ပေးပါတယ်။ ကြည့်လိုက်ကြပါဦးနော်…။



အောင်ဘာလေ ဂဏန်းအရည်အတွက် တိုးချဲ့
နိုင်ငံရေးက မတည်မငြိမ်… ၀ရုန်းသုံးကား… လူတွေအပေါ်မှာ… ဖိနှိပ်မှုတွေကများ… ဆိုတော့ကာ… လုပ်ငန်းကိုင်ငန်းတွေ ထိခိုက်လာ…စီင်္းပွားရေး အဆင်မပြေတာတွေ ရှိလာတာ မဆန်းပါဘူး…။… ဒီလို… တနိုင်ငံလုံး ကြိမ်မီး အုံးသလို နှလုံး မသာမယာ ဖြစ်လာရတဲ့ အခါ ထွက်ပေါက် အနေနဲ့ ဘာလုပ်ကြမလဲ…။ ဘောပွဲ လောင်းမယ်… နှစ်လုံးထီ… သုံးလုံး ထီထိုးမယ်…။ အဲ… အောင်ဘာလေထီကိုလဲ ကံစမ်းကြတယ်လေ။ မထိုးလား ထိုးလား… အက္ခရာတွေ ထပ်ထပ် တိုးနေရတာသာ ကြည့်ပါတော့ဗျာ…။




Good Health (ဇန်န၀ါရီ ၅)



ဆေးလောကနဲ့ဆက်စပ်နေတဲ့ဟာသလေးပါ။


News Watch (ဇန်န၀ါရီ ၅)

မြန်မာပြည်ရဲ့ ထူးခြားထင်ရှား
စောင့်ကြည့်ဂျာနယ်က မြင်တဲ့ ၂၀၁၀ ရဲ့ မြန်မာ့ထူးခြားထင်ရှားဖြစ်စဉ်များ တဲ့။ ဂျာနယ်က များလာတော့ အမြင်တွေကလဲ ကွဲပြားလာကြတယ်။ တူတာတွေ ရှိသလို တခြားစီ ဖတ်ကောင်းတာတွေလဲ ပါနေတာမို့ အရသာတမျိုးနဲ့ ခံစားနိုင်ဖို့ပါ ဖတ်ကြည့်ပါဦး။



နိုင်ငံတကာ ထူးခြားထင်ရှား
စောင့်ကြည့်ကပါဘဲ ဆိုးပါဘူး မြန်မာနိုင်ငံသားတွေရဲ့ ၂၀၁၀ အတွင်း ကမ္ဘာ့ဖြစ်ပျက်ပုံ အလုံးစုံပေါ်မှာ ဘယ်လိုမြင်ပါတယ် လို့ ပြောထားတဲ့ ထူးခြားဖြစ်စဉ်တွေဗျ။ အပြင်မှာ ရှိနေတဲ့ ကိုယ်တို့နိုင်ငံသားတွေနဲ့ အမြင်ချင်း ထပ်တူ ကျ မကျ သိချင်ရင် ဖတ်ကြည့်သင့်တယ်ဗျို့။



ကြိုတင် သိလိုသူများအတွက်
ဗေဒင်ဆို မှန်ဘောင် မလုပ်နဲ့ဗျ…။ သူကလဲ စိတ်ဝင်စားသူတော့ အများသား…။ အောင်မယ်… တနှစ်စာ အလကား ဖတ်ရမှာလေ… “ခုနှစ်ရက် သားသမီးများ အတွက် တနှစ်စာ တားရော့ဝေဒ ဟောစာတမ်း” ပါတဲ့ဗျာ။


အမေရိကန်က သေဒဏ်

သေဒဏ်ကျတိုင်း သေမယ် မထင်ပါနဲ့… ဆေးပြတ်ရင်လဲ အသက်က ရှည်ဦးမှာ…။ ဖတ်ကြည့်ပါဦး… ရယ်ရမလို ငိုရမလို…။ အမေရိကမှာ ဆေးထိုးသတ်ဖို့ရာကိုဘဲ ဆေးက ပြတ်နေပြန်သေးတဲ့ဗျာ…။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts