>ORaTha – Make Friend with Burmese Political Prisoners of Burma

>

နိုင်ငံရေးအကျဉ်းသားတွေနဲ့ သင့်မိသားစုတွေ မိတ်ဆွေဖွဲ့ကြပါစို့
သြရသ
ဇန်န၀ါရီ ၅၊ ၂၀၁၁
မိုးမခပရိသတ်များနဲ့ ပြည်ပရောက် မြန်မာမိသားစုများခင်ဗျား
          ကျနော် မိုးမခကနေတဆင့် မေတ္တာရပ်ခံစာလေးတစောင် ပေးလိုက်ပါတယ်။ ဇီဝိတဒါန ကုသိုလ်ခေါင်းလောင်းလေး ထိုးလိုက်ပါတယ်။ မနေ့က အင်န်အယ်ဒီမှာ အဖွဲ့ချူပ်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော် စာရင်းကို မဲနှိုက်ပါတယ်။ သူတို့တတွေကို ကျနော်တို့တတွေက မိသားစုဝင်တွေ၊ သားချင်းတွေလို ဆွေမျိုးစပ်ကြဖို့ပါ။ မိတ်ဆွေဖွဲ့ကြဖို့ပါ။ မဲပေါက်တဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုကို ကျနော်တို့က စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကူညီအားပေးကြဖို့ပါ။ ဆက်လက်ပြီးတော့ ပွေ့ဖက်စောင့်ရှောက်ဖို့ပါ။ မိသားစုတွေ နှလုံးသားချင်း ရင်းနှီးပြီးတော့ မိသားစုကွန်ယက်၊ မိတ်ဆွေကွန်ယက်ဖွဲ့ ကြဖို့ပါ။
ကျနော်စာရေးနေတဲ့အချိန်မှာ လူ ၂၀၀ ကျော်ကို ကျနော်တို့ မြန်မာမိသားစု အသီးသီးက မဲနှိုက်လိုက်ကြပြီ လို့ ဆိုတယ်။ နောက်ထပ် ၄၀၀ ကျော် သင်တို့ မိသားစုစာရင်း၊ မိတ်ဆွေ စာရင်းသွင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒေါ်စုက စလို့ အင်န်အယ်ဒီပါတီဝင်တွေ ကိုယ်တိုင်မဲနှိုက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတဦးစီကို ကူညီ အားပေးဖို့ တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။ ၁ ယောက်စ လို့ အယောက် ၁၀၀၊ အယောက် ၆၀၀၊ အယောက် ၂၂၀၀ ကို ကျနော်တို့ မိသားစုတွေ မိတ်ဆွေတွေအဖြစ် စာရင်းသွင်း အားပေးကြဖို့ လိုအပ်နေပါပြီ။ ၀ိုင်းကြပါ ခင်ဗျား။
ပြည်ပရောက် မြန်မာမိသားစုများခင်ဗျား …
သင်တို့ ဆွေမျိုးသားချင်း၊ မိဘ၊ သားသမီးတွေဆီကို ဖုံးလှမ်းဆက်ပါ။ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး မိတ်ဆွေများစာရင်းမှာ ၀င်ရောက် လက်တွဲလိုက်ကြပါ။ 
သင်တို့မိသားစုလက်နဲ့ နှိုက်လိုက်တဲ့ မဲဟာ သာမန် မဲလက်မှတ်ကလေး မဟုတ်ဘူး။
အသည်းကြားက မဲပြားလေးတပြားပါ။ 
အဲသည်မဲပြားပေါ်က အမည်ဟာ  မြန်မာသူရဲကောင်းတဦးပါ။ 
လူ့အသက်တချောင်းပါ။ 
စွန့်လွှတ်သူတဦးရဲ့ မိသားစုတွေနဲ့ ကမ်းချိတ်တဲ့ လက်တဖက်ပါ။ 
ဒီမိုကရေစီရေး အလင်းတန်းတခု ပါ ခင်ဗျား။ 
ပြီးတော့ ကျနောတို့ ခင်ဗျားတို့အားလုံး အတူထူထောင်ကြမယ့် အနာဂတ်မြန်မာပြည်ကြီး ဖြစ်ပါတယ် ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့တကွ အင်န်အယ်ဒီပါတီ၊ မဟာမိတ် ပါတီ၊ တိုင်းရင်းသားတွေ၊ ၈၈ မျိုးဆက်တွေ၊ ရွှေဝါရောင်သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေ … အားလုံး အားလုံးက ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ။ အားလုံးအတွက် ထိုးလိုက်တဲ့ ကုသိုလ်ဖြစ် ခေါင်းလောင်းသံတွေပါ။
စဉ်းစားကြည့်ပါ။ မြင်ယောင်ကြည့်လိုက်ပါ။
“ကျနော်နံမယ် သြရသ ပါ …
ကျနော် အင်းစိန်ထောင်မှာ နေပါတယ်။
ကျနော့်မိတ်ဆွေတွေက မိုးမခ၀ိုင်းတော်သားတွေ ဖြစ်တယ် …”

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts