>Gen. turnels

>

လိုဏ်ခေါင်းတူးသူများ
လင်းနွေးအိမ်
ဇန်န၀ါရီ ၄၊ ၂၀၁၁


ခွင့်လွှတ်ပါတယ် ဆိုတာတောင်
တွင်းနက်နက် တူးနေလိုက်ကြပုံများ။
တူးကြ
လိုဏ်ခေါင်းတူးကြ။

တူးကြ
နက်သထက်နက်အောင် တူးကြ။

တူးကြ
အဝီစိရောက်အောင် တူးလိုက်ကြ။

တူးကြ
ကမ္ဘာတသန်း ပြန်မတက်နိုင်အောင် တူးလိုက်ကြ။

တူးကြ
မိုက်ထားသမျှ တောင်းပန်မရအောင် တူးလိုက်ကြ။

တူးကြ
နေပြည်တော်တခုလုံး မြေမြိုသွားအောင် တူးလိုက်ကြ။

တူးကြ
(တောက် …)
ခွင့်လွှတ်ပါတယ် ပြောတာတောင်။ ။

၂၀၁၀ ဒီဇင်ဘာ ၃၁


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts