>118th Anniversay of Moe Gaung Fastival hosted

>

မိုးကောင်းဘုရားပွဲတော်ကြီး ၁၁၈ ကြိမ်မြောက် ကျင်းပ
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၃၀၊ ၂၀၁၀
နှစ်စဉ် ဒီဇင်ဘာ ၂၄ က ဇန်န၀ါရီ ၂ ရက်အထိ  ကျင်းပနေကြ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း ဆုတောင်းပြည့်စေတီတော် ဘုရားဝင်းအတွင်းတွင် ဘုရားပွဲတော်ကြီးကို ၁၁၈ ကြိမ်မြောက် ကျင်းပလျက် ရှိသည်။ မြန်မာ့ရိုးရာ စားစရာများ၊ အသုံးအဆောင်များ၊ အိမ်သုံး ပရိဘောဂများနှင့် မြန်မာ့ဇာတ်သဘင်နှင့် စင်မြင့်ဖျော်ဖြေပွဲတို့ကို စုံလင်စွာ တွေ့ရပြီး ကလေးသူငယ်များ၊ လူငယ်များ ပျော်သည့် ရဟတ်များ၊ ခြားများကိုလည်း တွေ့ရသည်။ ဓာတ်ပုံများကို ရှုစားပါ။
 ပွဲဈေးသည်တို့ ပြင်ပြင်ဆင်ဆင် စတင်နေစဉ်

 မိုးကောင်းဘုရားပွဲဈေးအ၀င်၊  ခေါင်းအုံးနဲ့ စောင် အရောင်းဆိုင်

 ကောက်ညင်းကျီတောက်ရောင်းနေကျ အဖွားအို၊ မြန်မာမီးဖိုချောင်တန်ဆာ – ငရုတ်ဆုံများ

 ငရုတ်ဆုံ၊ ကျောက်ပြင်ဆိုင် နဲ့ ပြီးတော့ မြန်မာ့ရိုးရာသနပ်ခါး ပဒေသာဆိုင်

 သနပ်ခါးဆိုင်မှ အဆင်သင့်သွေးပြီးသား အတုံး ဆိုက်မျိုးစုံ ရတယ်။ ပြီးတော့ ဒန်အိုးဆိုင်

 မြန်မာ့မီးဖိုချောင်အတွက် ကြွေပန်းကန်၊ ကြွေရည်သုတ် အိုးခွက်များ

 ဒန်အိုးဆိုင်အနီးက ငါးခြောက်မျိုးစုံ အရောင်းဆိုင်

 မြန်မာ့ရိုးရာ ဇာတ်သဘင်ရုံ အ၀င်ဂိတ်က ဆိုင်းဘုတ်များ၊ ပြီးတော့ မြန်မာ ၁၂ပွဲ ဈေးဆိုင်များ
 ၁၂ ပွဲ ဈေးဆိုင်များ ပြင်ဆင်ထားကြပုံ – ဘူးသီးကြော်၊ အကြော်စုံ
 မြန်မာပွဲဈေးက ဆိုင်းဘုတ်များ မြင်ကွင်း
 မိုးကောင်းဘုရားဆောင်းတန်းများ၊ ကန်တော့ပွဲများ
 မြွေလိမ္မာလေး နဲ့ ဆိုင်တန်းနောက်က အမှိုက်များ

 မြန်မာအကြော်စုံ အကြော်ဒယ်အိုးများ၊ ပုဇွန်ခွက်ကြော်ဆိုင်

 အကြော်စုံနားက ကောက်ညင်းကျီတောက်၊ မြန်မာတို့အကြိုက် နှမ်းမနဲ

 မြန်မာမုန့်မျိုးစုံ၊ နှမ်းမနဲ၊ မုန့်ဆီကြော်

 မုန့်ဆီကြော်၊ နှမ်းမနဲ၊ ဆနွင်းမကင်း၊ ကျော်ကျော၊ အုန်းနို့ ဆနွင်းမကင်း

 ရေမုန့်၊ ထိုးမုန့်၊ မုန့်ပေါင်း၊ မုန့်သိုင်းခြုံ၊ မုန့်လင်မယား၊ မုန့်ပြစ်သလက်

 ကောက်ညင်းမုန့်မျိုးစုံ၊ မုန့်သိုင်းခြူံ၊ ထိုးမုန့်မျိုးစုံ

 မုန့်ပြားသလက်ဆိုင်
 မြန်မာကလေးသူငယ်များအတွက် ပလတ်စတစ်ကစားစရာများ

ခြားရဟတ်ကြီး ခြာလည်လည်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts