>7DAY on Dec 30

>

7DAYရဲ့ စုံစီနဖာ
အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
ဒီဇင်ဘာ ၃၀၊ ၂၀၁၀


ရန်ကုန်က ဂျာနယ်အရောင်းဆိုင်ရှေ့ရောက်ပြီး ဘာဝယ်ရမှန်း မသိ ဖြစ်နေရင် 7DAY ဒီတပတ်ထုတ်ကိုသာ ၀ယ်လိုက်ပါ လို့ ညွှန်းပါရစေ။ ဒီဇင်ဘာ ၃၀ ရက်စွဲတပ် ဒီတပတ်ထုတ်မှာ ၂၀၁၀ နှစ်ချုပ် သုံးသပ်ချက်တွေကို တ၀ကြီး ဖတ်ရပါလိမ့်မယ်။

မြန်မာဘောလုံးလောကအကြောင်းလည်း ပါတယ်။ MNL ၂၀၁၀ ရန်ကုန်-ရတနာပုံ ပွဲစဉ်တခုမှာ ရန်ဖြစ်တဲ့အကြောင်းကိုလည်း “လက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်သည့် ပုံစံမျိုး တိုက်ခိုက်မှုစွမ်းရည်ပါ ပြခဲ့” လို့ ဆိုထားပါတယ်။

အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ဆူဇူကီးဖလားပွဲမှာ “နိုင်ပွဲ တစ်ပွဲမျှ မရရှိဘဲ အုပ်စုတွင် အောက်ဆုံးအဆင့်၌ ရပ်တည်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်” ဆိုတဲ့ မြန်မာ့လက်ရွေးစင်အသင်းအကြောင်းလည်း ခပ်တိုတို ရေးထားပါတယ်။ ခေါင်းစဉ်ကိုတော့ “ဆူဇူကူးပြိုင်ပွဲတွင် ဂိုးဒါနပြု” လို့ တပ်ထားလေရဲ့။

ကားလောက၊ အိုင်တီလောက၊ ကျန်းမာရေး၊ ပန်းချီဈေးကွက်၊ ဒီနှစ်အတွင်း ကွယ်လွန်တဲ့ ထင်ရှားသူများ၊ သဘာ၀၀န်းကျင်၊ နိုင်ငံတကာရေးရာ၊ ပညာရေး၊ ခရီးသွားလုပ်ငန်း စုံစီနဖါ ပါပဲ။

အရင်ဆုံး ဖတ်မိတာကို ပြောရရင်တော့ ဖက်ရှင် အကြောင်းပါပဲ။

ဖက်ရှင်
(ပုံစံတွေက “ဖက်စမ်းပါရှင်” လို့ ပြောနေသလိုပဲ။ အင်း – တကယ်တော့ အဲဒီလို မပြောကြပါဘူး။ ကိုယ်လိုရာ ဆွဲစဉ်းစားတာပါ) မြန်မာပြည်မှာ ၀တ်စားပုံအသစ် ဘယ်လိုဖြစ်နေလဲ သိလိုသူများ ဖတ်ရမယ့် သုံးသပ်ချက်ပါ။

တိုတိုဝတ်တာဟာ မယဉ်ကျေးရာ ရောက်ပေမယ့် မိန်းကလေးများကတော့ တိုတိုပဲ ၀တ်ကြတယ်လို့ ဆိုတယ်။ ကျား မ မရွေး ၀တ်နိုင်တဲ့၊ “ဟိုမရောက်ဒီမရောက် ရောထားတဲ့ ၀တ်စုံတွေ”လည်း ဒီနှစ်ထဲ ပေါ်လာတယ် ဆိုပဲ။ မိသားစုတွေအတွက် ချွေတာရေး ၀တ်စုံ ဖြစ်နိုင်တာမို့  ဘယ်သူမှန်း မသိတဲ့ တီထွင်သူကို ချီးကျူးမိပါရဲ့။

ယောက်ကျားလေးတွေ အနုစိတ် ပြင်ဆင်တဲ့အကြောင်းပါ ရေးထားလေရဲ့။ ဒါတွေဟာ ရန်ကုန်ဖက်ရှင်လား၊ တနိုင်ငံလုံး ဖြစ်နေတဲ့ ဖက်ရှင်လား ဆိုတာကိုတော့ ရေးမထားပါ။



ဗေဒင်
စံဇာဏီဘို၊ ဇေယျာကို တို့ရဲ့ စီးပွားရေး၊ ရာသီဥတု ဆိုင်ရာ ဟောကိန်းတွေပါ။


ဗုံး
ဒီနှစ်ထဲ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတချို့အကြောင်း စုစည်း ဖော်ပြထားပါတယ်။ “မသမာသူ ပြည်တွင်း အကြမ်းဖက်သမားများ”ရဲ့ လက်ချက်လို့ 7DAY က သုံးသပ်ပါတယ်။



လှည်းတန်း

စာဖတ်သူ လှည်းတန်း မရောက်တာ ဘယ်လောက် ကြာပြီလဲ။ သိပ် ———————— ကြာပြီ ဆိုရင်တော့ ဒီဆောင်းပါးကို စိမ်ပြေနပြေ ဖတ်သင့်ကြောင်း ထောက်ခံပါတယ်။

“ပို၍ သစ်လွင်တောက်ပတဲ့ လှည်းတန်း”မှာ ရည်းစားရနည်းတွေဟာ အရင်နဲ့ မတူဘူးဆိုတာကိုလည်း စာကြောင်း တကြောင်းတည်းနဲ့ ပုံဖော်ထားတာကို နိဂုံးပိုင်းမရောက်ခင် တွေ့ရမှာပါ။

ဟုတ်ပါတယ်၊ ဆေးပေါ့လိပ် ၀ယ်ရခက်တဲ့ လှည်းတန်း၊ ဟစ်ပ်ဟော့ပ် ဂီတသံ၊ စိန်ဂေဟာ၊ မာလာဟင်း တို့နဲ့ ထုံပြွမ်းနေတဲ့ လှည်းတန်း၊ “ကံ့ကော်ရနံ့သည် ဆိတ်ဖလူးနံ့ သင်းခဲ့ပြီ” ဆိုတဲ့ လှည်းတန်းဟာ “အလွန် ၀ လာသော လူဝကြီး တယောက်၏ ၀တ်နေကျ ရှပ်အင်္ကျီချုပ်ရိုးတွေ ပြုတ်ထွက်ကုန်သလို မဆံ့မပြဲဖြစ်လာသည်” ဆိုတာ တကယ်ပါပဲ။ ပြောင်းလဲသွားပါပြီ။




တခြား သုံးသပ်ချက်များ


ပေါ်လာမယ့် အစိုးရသစ်က အဟောင်းလား အသစ်လား ဆိုတာကို သုံးသပ်ပြ ပြောပြတာတွေက စိတ်ဝင်စားစရာပါ။


တယ်လီဖုန်း အကြောင်း ရှင်းပြထားတာလည်း ဖတ်သင့်ပါတယ်။ သိရတာပေါ့။


သတင်းများ
သိသင့် ဖတ်သင့်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကတော့ များပါရဲ့။ ဘယ်ဟာကို ရွေးရမှန်း မသိဘူး။ ကိုယ်စိတ်ဝင်စားတာပဲ ကူးလိုက်ပါတယ်။


ဂီရိမုန်တိုင်းဒဏ် ခံရတဲ့ ဒေသတွေမှာ ဘယ်အဖွဲ့တွေက ဘယ်လို ကူမယ် ဆိုတာ ရေးထားတဲ့ သတင်းပါ။ “နိုင်ငံတော်”က ဘယ်လို ကူတယ် ဆိုတာ ဘာကြောင့် ထည့်မရေးတာပါလိမ့်။
“နိုင်ငံတော်”က ကောက်ရွေးပွဲကြီးနဲ့ အလုပ်ရှုပ်နေတာမို့ ထည့်မရေးတာလည်း ဖြစ်နိုင်ပါတယ်။


ဒါက သတင်းထူးတော့ မဟုတ်ပါဘူး။ ဆင်ခြင်နိုင်ကြဖို့ ကူးထည့်ပေးလိုက်တာပါ။


ပန်းချီကား ၃၅၀၀ ကျော် ဆွဲပြီးပြီ တဲ့ ဦးမျိုးခင်က။ အံ့သြဖို့ ကောင်းတာက အားလုံးနီးပါးကို တရုတ်ပြည်က ၀ယ်သွားတယ် ဆိုပဲ။


မိုဘိုင်းဖုန်း နဲ့ လက်တော့ပ် ရှိရင် အင်တာနက် သုံးလို့ ရဖွယ် ရှိတယ် တဲ့။ မသေချာသေးပေမယ့် စိတ်ဝင်စားစရာပေါ့။


တန်ခိုးကြီးတဲ့ ဒုက္ခသည် ကတ်ပြား


ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်နေ့မှ တခြား ဂျာနယ်တွေ ကူးပေးလိုက်မယ်။ အဲ – 7DAY က ဒီနှစ်အတွက် ထူးခြားမှု အရှိဆုံးပုဂ္ဂိုလ်တွေအဖြစ် ၂ ယောက်ကို ရွေးထားတယ်။ စီးပွားရေးထူးခြားသူ အဖြစ် ဦးဇော်ဇော်၊ လူမှုရေးအတွက် မိုးဇလ သတင်းပေး ဦးထွန်းလွင် တို့ကို ရွေးလိုက်တာပါ။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts