>Kyaw Thu – 52 Poem


>

ငါးဆယ့်နှစ်
ကျော်သူ
ဒီဇင်ဘာ ၂၈၊ ၂၀၁၀

၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေက စလာခဲ့ပြီပဲ၊
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေက တက်ကြွနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုက လူသားမျိုးစုံပဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘဝမျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘဝကတော့ သီလလုံဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
ဇရာဘက်ကို ခြေလှမ်းခဲ့ပြီပဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။

၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသပဲ။

(မောင်တထမ်းမယ်တရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts