>Burmese Youth in Oregon initialized their Network to be part of Burmese community

>

အော်ရီဂွန် မြန်မာမျိုးဆက်သစ် ကျောင်းသားလူငယ်တွေက ကွန်ယက်အလုပ် စတင်
မိုးမခအထောက်တော် (ပို့တ်လင်း)
ဒီဇင်ဘာ ၂၆၊ ၂၀၁၀
အော်ရီဂွန်ပြည်နယ်မှ မျိုးဆက်သစ် မြန်မာကျောင်းသားလူငယ်လေးတွေဟာ ယခု ၂၀၁၁ နှစ်သစ်သို့မကူးမီ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စုံညီ အစည်းအဝေးတရပ်ကို ကျင်းပခဲ့ကြပြီး နှစ်သစ်ကူးသံန္နိဋ္ဌာန် ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။
 သူတို့ မြန်မာကျောင်းသားလူငယ် မျိုးဆက်သစ်ကလေးတွေဟာ “အနာဂတ်ကို ပိုင်ဆိုင်ဘို့ ငါတို့ကိုယ်တိုင်ကြိုးစားစို့” ဟူတဲ့ဆောင်ပုဒ်ကို ကိုင်စွဲပြီး ယမန်နှစ်က လော့အိန်ဂျယ်လိစ် မှာကျင်းပသွားခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများရဲ့ Citizen of Burma Award ဆုပေးပွဲမှာ တက်ကြွစွာပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်တွေကတော့ …
(၁) နိုင်ငံတကာရောက် မြန်မာလူငယ်တွေအနေနဲ့ ရောက်ရာဒေသမှာ စုစည်းပြီး ပညာရေး၊ ယဉ်ကျေးမှု၊ ချစ်ကြည်ငြိမ်းချမ်းမှုနှင့် စုပေါင်းတာဝန်ယူတတ်မှု အလေ့အကျင့်များကို မြှင့်တင် တည်ဆောက်သွားရန်။
(၂) အမိမြန်မာပြည်ဆိုင်ရာနှင့် မိမိတို့ရောက်ရှိရာဒေသများ၏် လူမှုလုပ်ငန်းများ၌ တက်ကြွ စွာလက်တွဲဆောင်ရွက်သွားကြရန်။
(၃)  တခြားသော ဒေသအသီးသီးရှိ နိုင်ငံတကာရောက် မြန်မာလူငယ်များနှင့် ကွန်ရက်များ တည်ဆောက်သွားရန်။ ကမ္ဘာ့လူငယ်ကွန်ရက်များနှင့် ဆက်စပ် ဆောင်ရွက်သွားရန်။
စသည်တို့ ဖြစ်ပါတယ်။
အဲသည် ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အခုလိုမျိုး  (Myanmar Generation of Oregon) ကို စုဖွဲ့လိုက်ကြတယ်လို့ သိရပါတယ်။
ယာယီ လုပ်ငန်းဦးဆောင်ကော်မတီ (၅) ဦး
၁။ ကိုရှိုင်းကိုကိုဦး
၂။ ကိုလွင်ဦး
၃။ မနှင်းဝေလွင်
၎။ မဟုန်ဟုန်းဝု
၅။ မခင်လှနွယ်
Core-members များ
၁။ ကိုမြင့်မိုရ်အောင်
၂။ ကိုဘိုဘိုထွန်း
၃။ မောင်မောင်ဦး
၎။ ကျော်ဝေလွင်
၅။ ဇင်မင်းသူ
၆။ မမြယဉ်မာ
၇။ မစန်းယုမော်
၈။ မနဒီလှိုင်း
စတဲ့ လူငယ်တွေနဲ့ ပြင်ဆင်စုဖွဲ့လိုက်ကြပြီး လူငယ်ဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများကို တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ အသေးစိတ် ဆက်သွယ်ရန် လိပ်စာနဲ့ ဖုံးနံပါတ်တွေကို မိုးမခကတဆင့် ထပ်မံ ကြေညာသွားပါ့မယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts