>10th Anniversary of Burma’s Hip Hop


>

၁၀ နှစ်သား ဟစ်ဟော့ပ် အတွက် ရန်ကုန်တွင် ရှိုးပွဲကြီး ပြင်ဆင်
မိုးမခအထောက်တော် အမှတ် ၀၀၈
ဒီဇင်ဘာ ၂၃၊ ၂၀၁၀ ခရစ်စမတ်နေ့တွင် ပြုလုပ်မည့် ရှိုးပွဲအတွက် ကြော်ငြာတခု


လူငယ်ကြိုက် ဟစ်ပ်ဟော့ဂီတ မြန်မာပြည်သို့ ရောက်ရှိခေတ်စားသည့် ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စင်မြင့်ဖျော်ဖြေပွဲကြီး ပြုလုပ်ရန် ဟစ်ပ်ဟော့သမားများက ပြင်ဆင်နေကြသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့၊ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပမည့် ထိုပွဲတွင် အဆိုတော်ပေါင်းစုံ ပါဝင်မည် ဖြစ်သည်။

ဟိုတယ်အတွင်း DJ တင်ဆက်မှု၊ ဟိုတယ် အပြင်ဘက် မြက်ခင်းပြင် သီဆိုမှုတို့ကို တပြိုင်တည်း တွေ့ရမည်ဟု ယခုတပတ်ထုတ် အလင်းတန်း ဂျာနယ်တွင် ရေးထားသည်။

ဆယ်စုနှစ်အတွင်း အထူးခြားဆုံး ဖျော်ဖြေပွဲဖြစ်မည်ဟု အလင်းတန်းက ဆိုသည်။

လွန်ခဲ့သည့် အနှစ် ၃၀ ကျော်က စတင် ပေါ်ပေါက်လာသည့် ဟစ်ဟော့ဂီတတွင် လူငယ်တို့၏ ပွင့်လင်းသည့် အမြင်များကို တွေ့နိုင်သည်။

ဟစ်ပ်ဟော့ပ်သည် နယူးယောက်တွင် အစပြုခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ လူငယ်များကြားသို့ ရောက်လာသည်။

မြန်မာပြည်၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့မှာ အက်ဆစ် ဖြစ်သည်။ အက်ဆစ် အဖွဲ့သားများ ဖြစ်သော ဇေယျာသော်၊ အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့က ၂၀၀၀ ပြည့်နှစ်တွင် စတင်ခြင်း အမည်ရှိ ဟစ်ဟော့ပ် စီးရီးကို ထုတ်ဝေခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts