>Nobel Peace Winners’ Absences

>

Bottom of Form

နိုဘယ်လ်ဆု တက်ရောက်မယူနိုင်ခဲ့သော ငြိမ်းချမ်းရေး ဆုရှင်များ

စစ်ငြိမ်းဒီရေ
ဒီဇင်ဘာ ၁၀၊ ၂၀၁၀
၁၉၃၅ ခုနှစ်အတွက် ဂျာမန် သတင်းစာဆရာ – Carl Von Ossietzky (၃.၁၀.၁၈၈၉- ၄.၅.၁၉၃၈)
၁၉၇၃ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းဆုအား ရယူရန်အတွက် ငြင်းဆန်သူ ဗီယက်နမ်စစ်ပွဲ ငြိမ်းချမ်းရေး သံတမန် – ဗိုလ်ချုပ် Le Duc Tho (၁၄.၁၀.၁၉၁၁- ၁၃.၁၀.၁၉၉၀)
၁၉၇၅ ခုနှစ်အတွက် ရှရှား သိပ္ပံပညာရှင်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ Andrei Sakharov (၂၁.၅.၁၉၂၁- ၁၄.၁၂.၁၉၈၉)
၁၉၈၃ ခုနှစ်အတွက် ပိုလန် နိုင်ငံရေးသမား – Lech Walesa (၂၉.၉.၁၉၄၃- သက်ရှိထင်ရှားရှိနေဆဲ)
၁၉၉၁ ခုနှစ်အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၁၉.၆.၁၉၄၅- သက်ရှိထင်ရှားရှိနေဆဲ)

၂၀၁၀ ခုနှစ်အတွက် တရုတ်ပြည် လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo (၂၈.၁၂.၁၉၅၅- မတရား အကျဉ်းကျခံနေရဆဲ) 
ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲကို မတက်ရောက်လိုသော နိုင်ငံများ ၁၆ နိုင်ငံ ရှိသည်။
နော်ဝေနိုင်ငံ၊ သြစလိုမြို့ရှိ ၆၅ နိုင်ငံသံရုံးများအနက် ၄၄ နိုင်ငံသံတမန်တို့က နိုဘယ်ဆု အခမ်းအနားသို့ တက်ရောက်ရန် လက်ခံခဲ့ကြပြီး တရုတ်အစိုးရ၏ ကန့်ကွက်မှုကို လိုက်နာသောအားဖြင့် နိုင်ငံ ၁၆ နိုင်ငံက နိုဘယ်ဆုပေးပွဲကို မတက်လိုကြောင်း ငြင်းဆန်ခဲ့ကြသည်။ တရုတ်အလိုကျ ငြင်းဆိုသော နိုင်ငံများမှာ – တရုတ်နိုင်ငံအပါအ၀င်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ရုရှား၊ ကာဇက်စတန်၊ ကိုလန်ဘီယာ၊ ဆော်ဒီအာရေဗျ၊ ဆားဘီးယား၊ အီရတ်၊ အီရန်၊ ဗီယက်နမ် နှင့် အာဖဂန်နစ္စတန် တို့ ဖြစ်ရာ၊ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားသူများ၏ မှတ်တမ်းများတွင် အမှတ်နည်းသူ နိုင်ငံများ ဖြစ်ကြသည်ကို တွေ့နိုင်သည်။ အိန္ဒိယနိုင်ငံက ပွဲတော်သို့ တက်ရောက်မည်ဖြစ်ရာ တရုတ်ပြောခွင့်ရတို့က မကျေနပ်သော အမူအရာတို့ ထုတ်ဖော်ပြသခဲ့သည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts