>23rd Anniversary of Puja Pwe for Burmese Senior Artists held in Rangoon

>

၂၃ ကြိမ်မြောက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများအား ဂါရ၀ပြုပွဲ ကျင်းပ
တာရာဝေယံ
ဒီဇင်ဘာ ၃၊ ၂၀၁၀
ဒီဇင်ဘာ ၁၊ ၂၀၁၀၊ အမျိုးသားနေ့ နံနက် ၁၀ နာရီက နေ့လည် ၁၂ နာရီအထိ ရန်ကုန့်မြို့၊ ၃၅ လမ်း အပေါ်ဘလောက်မှာ ရှိတဲ့ ဓမ္မရံသံ ဓမ္မာရုံမှာ စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများကို ဂါရ၀ပြုပွဲ ကျင်းပခဲ့ပါတယ်။
အကန်တော့ခံ စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများကတော့ ဦးလွန်းကြွယ်၊ ဦးသောင်းဟန်၊ ဦးစန်းလှိုင်၊ ဦးအေးမြင့်၊ ဆြာနွယ်၊ ဦးညိုဝင်း၊ ဦးဖေသဏ်း၊ ဦးတင်လှဝင်းထင်၊ ဦးတင့်ထွဏ်း၊ ဦးကျော်သောင်း၊ ဦးစိုးမိုး၊ ဦးမောင်မောင်လှမြင့်၊ ဦးမောင်မောင်သိုက်၊ ဦးမျိုးညွန့် (မောင်ဒီ)၊ ဦးဇော်ဝင်း (ကြည့်မြင်တိုင်)၊ ဦးဇော်ဝင်း (ငှက်ပျောသီး)၊ ဦးကျော်ညွန့်၊ ဦးမောင်မောင်တိုး တို့ ဖြစ်ကြပါတယ်။
ဂါရ၀ပြုပွဲမှာ အကန်တော့ခံ ဆရာကြီးတဦးစီကို ပုဆိုး တထည်၊ ငွေသားကျပ် ၂ သောင်း ၇ ထောင်၊ နဲ့ လူငယ်သရုပ်ဖော်ပန်းချီဆရာများက ကန်တော့ခဲ့ကြပါတယ်။ 
 
အခမ်းအနားကို ကြွရောက်လာကြတဲ့ အနုပညာရှင်တွေက ဆရာဦးခင်မောင်တိုး (မိုးမိတ်)က အမှတ်တရ စကားပြောကြားခဲ့ပြီး အကန်တော့ခံ ဆရာကြီးများကိုယ်စား ဆရာဦးလွန်းကြွယ်က သြ၀ါဒစကား ပြောကြားခဲ့ပါတယ်။
 
ဂါရ၀ပြုပွဲကို စာပေအနုပညာရှင် အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်များနဲ့ လူငယ်သရုပ်ဖော် ပန်းချီဆရာများက ထည့်ဝင် လှူဒါန်းကြတဲ့ အလှူငွေများနဲ့ စီစဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၃ ကြိမ်တိုင်ပြီ ဖြစ်တဲ့ စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများ ကန်တော့ပွဲကို သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံခဲ့ရာ ပွဲမကျင်းပခင် ၁ ရက် အလိုမှ ခွင့်ပြုချက် ချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts