Uncategorized

မြန်မာပြည်ရဲ့ အဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာရဲ့ ၆၅ နှစ်မြောက် လူ့အခွင့်ရေးနေ့အခမ်းအနား

မြန်မာပြည်ရဲ့ အဋ္ဌမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာရဲ့ ၆၅ နှစ်မြောက် လူ့အခွင့်ရေးနေ့အခမ်းအနား
ချမ်းမြ (မိုးမခအထောက်တော်)
နိုဝင်ဘာ ၃၀၊ ၂၀၁၃


လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ၏ ယခုနှစ် အဋ္ဌမအကြိမ်မြောက်ကျင်းပမည့် (၆၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား (ဒီဇင်ဘာ (၁၀) ရက်နေ့) ကို ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ အပေါ်ထပ်တွင် မနက်(၉)နာရီမှ (၁၂)နာရီအထိကျင်းပမည်ဖြစ်ပါသောကြောင့်လေးစားစွာဖိတ်ကြားအပ်ပါသည်။ 
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDP) ၏ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအခမ်းအနားများမှာ……..…….. 
(၁) ၂၀၀၆-ခုနှစ်၊ ပထမအကြိမ်၊ ဘိုကလေးဒေသ၊ ဧရာဝတီတိုင်း၊ 
(၂) ၂၀၀၇-ခုနှစ်၊ ဒုတိယအကြိမ်၊ ကြည့်မြင်တိုင်ဒေသ၊ ရန်ကုန်တိုင်း၊ 
(၃) ၂၀၀၈-ခုနှစ်၊ တတိယအကြိမ်၊ ဗဟန်းဒေသ၊ ရန်ုကုန်တိုင်း၊ 
(၄) ၂၀၀၉-ခုနှစ်၊ စတုတ္ထအကြိမ်၊ ပြည်ဒေသ၊ ပဲခူးတိုင်း၊ (အာဏာပိုင်များ၏ ဖမ်းဆီးပိတ်ပင်မှုကြောင့် အခမ်းအနား ဖျက်သိမ်းခံရ) 
(၅) ၂၀၁၀-ခုနှစ်၊ ပဉ္စမအကြိမ်၊ ပြည်ဒေသ၊ ပဲခူးတိုင်း၊ 
(၆) ၂၀၁၁-ခုနှစ်၊ ဆဋ္ဌမအကြိမ်၊ ဘိုကလေးဒေသ၊ ဧရာဝတီတိုင်း၊ 
(၇) ၂၀၁၂-ခုနှစ်၊ သတ္တမအကြိမ်၊ လွိုင်ကော်ဒေသ၊ ကယားပြည်နယ်။ 
(၈) ၂၀၁၃-ခုနှစ်၊ အဋ္ဌမအကြိမ်မြောက်၊ ယခုနှစ်၊ တော်ဝင်နှင်းဆီခန်းမ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်ဒေသတွင် ကျင်းပမည်။ 

(သိပါ၊ ကာကွယ်ပါ၊ တောင်းဆိုပါ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts