>Takraw teams saved Bumra

>

ပိုက်ကျော်ခြင်းကြောင့် မြန်မာတို့ လက်မ ထောင်နိုင်ခဲ့
မိုးမခအထောက်တော် အမှတ် ၀၁၀
နိုဝင်ဘာ ၃၀၊ ၂၀၁၀

ပျော်ရွှင်နေသည့် ဖြူဖြူသန်း၊ မေဇင်ဖြိုး၊ ကြူကြူသင်း (photos: Getty Images)


အာရှအားကစားပြိုင်ပွဲနောက်ဆုံးနေ့ စနေနေ့က ပိုက်ကျော်ခြင်း ဗိုလ်လုပွဲများတွင် မြန်မာ အမျိုးသမီး အသင်းရော၊ အမျိုးသားအသင်းပါ ပြိုင်ဘက်များကို အနိုင် ခတ်ခဲ့သောကြောင့် ရွှေတံဆိပ်များ ရသွားကြသည်။

ထိုရွှေတံဆိပ်များက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ၁၆ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲရောက် မြန်မာအဖွဲ့ အိမ်အပြန် မျက်နှာပန်း လှစေရန် ကူညီမည် ဖြစ်သည်။

အာရှ ၃၆ နိုင်ငံ ပါဝင်တဲ့ အားကစားပွဲတော်တွင် မြန်မာအသင်းက ရွှေ ၂ ပွဲ ရသဖြင့် အဆင့် ၂၂ ချိတ်ခဲ့သည်။ တခြား အားကစားနည်းတို့တွင် ရွှေချိတ်ခဲ့ခြင်း မရှိပေ။ တရုတ်နိုင်ငံ ရွှေ ၁၉၉ ခု အပါအ၀င် ဆုပေါင်း ၄၀၀ ကျော် ရသွားသည်။

မေဇင်ဖြိုး၏ ခြင်းခတ်ဟန်

အမျိုးသမီး အသင်းတွင် ပါဝင်သူတို့မှာ ဖြူဖြူသန်း၊ မေဇင်ဖြိုး၊ ကြူကြူသင်း တို့ ဖြစ်သည်။ ဗိုလ်လုပွဲတွင် ပြိုင်ဘက် အိမ်ရှင်အသင်းကို နိုင်ခဲ့သည်။

ဇော်ဇော်အောင်
ဇော်ဇော်အောင်


အမျိုးသားအသင်းတွင် ပါဝင်သူများမှာ ဇော်လတ်၊ စည်သူလင်း၊ ဇော်ဇော်အောင် တို့ ဖြစ်သည်။ သူတို့က တောင်ကိုရီးယား အသင်းကို အနိုင် ခတ်ခဲ့သည်။

၁၇ ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲကို နောက် ၃ နှစ် အကြာတွင် လက်ခံကျင်းပမည့် အိမ်ရှင်မှာ တောင်ကိုရီးယားနိုင်ငံ Incheon မြို့ ဖြစ်သည်။

ပိုက်ကျော်ခြင်းဗိုလ် မြန်မာအမျိုးသမီးအသင်း


အားကစား ကျင်းပရေး ကော်မတီက ထုတ်ပြန်သည့် နိုင်ငံအလိုက် ဆုစာရင်း။ မြန်မာပြည် အခြေအနေကို အမှတ် ၂၂ တွင် အ၀ါရောင် ခြယ်ထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts