>Kyaw Thu – FFSS Yangon Activity (26th November 2010)

>

ဝမ်းသာကြည်နူးစွာဖြင့် . . . .
ကျော်သူ
နိုဝင်ဘာ ၂၇၊ ၂၀၁၀
၂၅. ၁၁. ၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ Myanmar Solar Rays Co.,Ltd. မိသားစု (အမှတ် – ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁,၃၀၀,၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း) တန် မော်တော်ယာဉ်တစီးအား လာရောက်လှူဒါန်းသွားပါသည်။

ယင်း လှူဒါန်းပွဲတွင် ဝဋ်ကြွေးတော်ပြေ ရန်အောင်မြေကျောင်းတိုက် ဆရာတော် (၅) ပါးအား ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်ကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအား နိစ္စဓူဝ ထမ်းဆောင်ပေးလျှက်ရှိရာ အသင်းပိုင် မော်တော်ယာဉ် (ဝန်ထမ်း ကြို/ပို့) တစီးဖြင့်သာ လုပ်ဆောင်နေရသည်ဖြစ်၍ ရုံးကိစ္စများ၊ အလှူငွေကိစ္စများ အခြား အခြားသော လူမှုရေးကိစ္စများအပြင် နာရေးလမ်းကြောင်းများတွင် ဝတ်ရွတ်အဖွဲ့ လိုက်လံရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်နေရသည်ဖြစ်သောကြောင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသည်။ ယခုကဲ့သို့ Myanmar Solar Rays Co.,Ltd. မိသားစု (အမှတ် – ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck မော်တော်ယာဉ်တစီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏ ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။

ထို့အတွက် အလှူရှင် ဦးဝင်းမြင့်သိန်း၊ ဒေါ်ခင်မြတ်လှိုင် (Myanmar Solar Rays Co., Ltd.) မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေဝတာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီး အသင်းသူ/သားများမှ ဝမ်းသာကြည်နူးစွာဖြင့် သာဓု အနုမောဒနာ ခေါ်ဆိုလိုက်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts