>
Project Help Burma က ဒီဇင်ဘာ ၁၂ မှာ ရန်ပုံငွေဈေးရောင်းမည်
မိုးမခရွာဆော်ကြီး
နိုဝင်ဘာ ၂၄၊ ၂၀၁၀
ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာပြည်အရေးစိတ်ဝင်စားသော တသီးပုဂ္ဂလများ၊ အဖွဲ့အစည်းများ စီစဉ်သော Project Help Burma အမည်ရှိ မြန်မာပြည်ကို ကူညီကြစို့ ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှု၏ ဒုတိယအကြိမ် ရန်ပုံငွေဈေးရောင်းပွဲတော်ကို လာမည့် တနင်္ဂနွေ၊ နယူးအပ်ခ် ရိပ်သာမှာ မနက် ၁၁ နာရီက ညနေ ၃ နာရီ အထိ ကျင်းပမည် ဖြစ်ကြောင်း မြန်မာ့အရေး ကူညီစောင့်ရှောက်လိုသူများကို ၀ိုင်းဝန်း လှူဒါန်းအားပေးကြရန် ဖိတ်ခေါ်ကြောင်း စာထုတ်ပြန်ထားသည်။
ထိုလှုပ်ရှားမှုက ရရှိသော အလှူငွေများကို မြန်မာပြည်တွင်းရှိ အကူအညီလိုအပ်နေသော နေရာများ၊ လူများနှင့် အရေးကိစ္စများသို့ ပေးအပ်လှူဒါန်းမည် ဖြစ်သည်။ ယမန်နှစ်က ရရှိသော အလှူငွေများကိုလည်း စာရင်းပြုစုပြီး လှူဒါန်း ကူညီမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
သူတို့ဝက်ဆိုက်ကို သည်နေရာမှာ ကြည့်နိုင်ပြီ။ http://projecthelpburma.blogspot.com/
