>Maung Maung One Article for Daw Su – 8

>

ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (နိဂုံးပိုင်း)
မောင်မောင်ဝမ်း
နိုဝင်ဘာ ၂၄၊ ၂၀၁၀

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင်လုပ်ကြမှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

(ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်တခုမှ -)

တခါက ကျနော့်မြို့မှာပါ …။

ကျနော်တို့အပေါင်းသင်းတွေ ဝိုင်းဖွဲ့ပြီးစကားပြောနေတဲ့အချိန်မှာ မြို့ပေါ်က နည်းနည်းပိုက်ဆံ ချမ်းသာတယ်လို့ ပြောလို့ရတဲ့သူတယောက် ဝင်လာတယ်။ ပြီးတော့ အဆက်မပြတ်ဆိုသလို …