>Kay Thwe – Facebook Face and Network Politics

>

မျက်နှာပုံရိပ်နဲ့ ကွန်ယက်နိုင်ငံရေး
ကေသွယ်
နိုဝင်ဘာ ၂၂၊ ၂၀၁၀
ကာလ ယန္တယားကြီး ကတော့ ..တစက္ကန့် မျှ.. ရပ်နားခြင်း မရှိ .. ယဉ် ရထား ကြီး တစီး ကို ပုံမှန် ခုတ်မောင်း ပေး နေ လျက်သာ…။
အနှစ် နှစ်ဆယ်..ဆယ့်နှစ် နှစ်.. . ခုနှစ်နှစ်.. ဆို သလို .. အပိုင်း အခြား တွေ ကြားထဲ .. ဒီ ယဉ် ရထား ကြီး ရဲ့ ပြတင်း တွေ မှာ ..သူမ ကို.. မြင်တွေ့  လိုက်.. ပျောက်ကွယ် သွားလိုက်.. ။ ဒီလို  နဲ့ ပဲ… ဒေါ်စု ကနေ.. အမေစု  ဖြစ် လာခဲ့  ပြီ။ ဒါပေမဲ့.. တရိပ်ရိပ် ကျန်ခဲ့ တဲ့……ရှုမျှော်ခင်း တွေကသာ… တမျိုး ပြီး တမျိုး ပြောင်းလဲ သွားပေမဲ့..အမေစု က တော့ .. လန်းဆန်းဆဲ.. ရွှင်လန်းမြဲ.. ပန်းပန်လျက် ပါပဲ..။ ဒီယဉ် ရထား ကြီးပေါ်က.. တခြား ခရီးသည် တွေ လည်း.. ဒါးရာ တွေ တထစ်ပြီး တထစ်..ထစ်ရင်း.သာ…  ပြတင်းဝ တွေ ကို  ဆက်လက် ငေးမော နေ ကြ ဆဲ။  တချို့ တော့ လမ်းခုလတ် မှာပဲ..ခရီး ဆုံး သွား ကြ သည် ။   မျိုးဆက်သစ်  တချို့ … ပြတင်း အပြင် ကို.. ခေါင်းပြူ ထွက်ကြည့် လာ ကြ သည်။   လမ်းခရီး မှတ်တိုင်  တွေ လည်း .. . တခုပြီး တခု.. ရပ်လိုက်.. ဆက် လိုက်..။
ဆိုပါတော့.. ၈၈ မှတ်တိုင် ကပဲ.. စလိုက် အုံးတော့.. ၉ ၀ မှတ်တိုင်.. ၉ ၆ မှတ်တိုင်… ဂန္ဒီ ခန်းမ မှတ်တိုင် .. ညောင်နှစ်ပင် မှတ်တိုင် .. တက္ကသိုလ်ရိပ်သာလမ်း မှတ်တိုင် .. ရွှေဂုံတိုင် မှတ်တိုင် . ဒီပဲယင်း မှတ်တိုင် ..  ရွှေဝါရောင်  မှတ်တိုင် ..။ တလော လေးက..ဆိုက်သွားခဲ့ တယ်..၂၀၁၀  မှတ်တိုင်…။ အဲဒီ မှတ်တိုင် မှာ..တချို့  ဆင်းကျန် ခဲ့ ကြလေ ရဲ့..။ ဒါဆို..အခု ရောက် တဲ့ မှတ်တိုင် ကို..ဘယ်လို အမည် တပ်ရ ပါ့..။
 ( အမေစု )  နာမည်ပေးလိုက် သလို..၂၁ ရာစု ပင်လုံ မှတ်တိုင် လား..။ ဒေါင်လိုက် ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ကနေ.. အလျားလိုက်..ဒီမိုကရေစီ ကွန်ယက် ကြီး တခု ဖြစ်ကြရ အောင် ဟေ့.. ဆို တော့ ကာ ..  ကွန်ယက် မှတ်တိုင် ကြီး ပေ ပဲ လား..။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts