>Burmese Community in Phoenix host Charity & Awareness Drive for Burma

>

 ဖီးနစ်၊ အာရီဇိုးနားရောက် မြန်မာမိသားစုများက မြန်မာ့အရေးလှုပ်ရှားမှုများ စုဝေးပြုလုပ်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၀၊ ၂၀၁၀
နိုဝင်ဘာ ၁၄ရက်က အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့၊ ကော်တးပန်းခြံတွင် ထိုဒေသရောက်  မြန်မာမိသားစုများ စုဝေးကြပြီး လက်ရှိ မြန်မာပြည် ရင်ဆိုင်နေရသော အရေးကိစ္စများအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။
ဂီရိမုန်တိုင်းသင့်ဒေသ ဒုက္ခသည်များကူညီရေး ဈေးရာင်းပွဲ နှင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ကျင်းပခြင်း၊ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု သိရသည်။
 
ပြည်သူ့ဂုဏ်ရည် (ဖီးနစ်မြို့နယ်) က လုပ်အားပေးများ၊ စေတနာရှင်များက ဓမ္မရသဘုန်းတော်ကြီးကျောင်း လိမ္မာယဉ်ကျေး ကလေးသင်တန်းကျောင်းက  ကျောင်းသား ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် အတူဝိုင်းဝန်းပြီး အသုတ်စုံ၊ ကော်ပြန့်ကျော်၊ လဖက်ရည်များ ရောင်းချကာ ရန်ပုံငွေအလှူ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရသည်။

  
(ဓာတ်ပုံ၊ နို၁၄၊၂၀၁၀ – ဖီးနစ်၊ အာရီဇိုနား၊ မြန်မာ့ရန်ပုံငွေပွဲ။ ပြည်သူ့ဂုဏ်ရည်မှတ်တမ်း)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts