>14 Burmese communities in the USA stand with Suu – statement told

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

အမေရိကန် ၁၄ မြို့နယ် မြန်မာကွန်မြူနီတီက ဒေါ်စုလွတ်မြောက်သည့်အတွက် ၀မ်းမြောက်ကြောင်း ထုတ်ဖော်
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၁၈၊ ၂၀၁၀
နိုဝင်ဘာလ ၁၆ ရက်နေ့စွဲနှင့် ထုတ်ပြန်သော စာတွင် နိုဝင်ဘာ ၁၃ ရက်က အကျယ်ချုပ်မှ မြန်မာပြည်၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် မိမိတို့ အမေရိကန်ရောက် မြန်မာမိသားစုများအားလုံးက ၀မ်းမြောက်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားသည့်အတိုင်း မိမိတို့၏ အသံကို မိမိတို့ခေါင်းဆောင်ထံ အရောက်ပို့ဆောင်သွားကြမည်ဟု ဆိုသည်။ အရင်နေ့ရက်များတွင် ပြောကြားခဲ့သည့် သဘောထားများအရ ဒေါ်စုထံသို့ ပို့စကဒ်များ ပေးပို့ကြရန် တိုက်တွန်း နှိုးဆော် ဆောင်ရွက်နေကြသည်ဟု ဆိုသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ကတည်းက မြန်မာကွန်မြူနီတီအသီးသီးက မိမိတို့အစီအစဉ်များဖြင့် စုဝေးတွေ့ဆုံကြပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အတွက် ၀မ်းမြောက်ဂုဏ်ယူသည့် ပွဲတော်များ ကျင်းပကြသည်ဟု သိရသည်။ အထူးသဖြင့် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့နယ်က မြန်မာမိသားစုများ အခမ်းအနားတခု ကျင်းပပြီး မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်မည် ဟု အသိပေးစကားကို ထုတ်ပြန်ခဲ့ကြသည်။
ထိုကဲ့သို့ We Stand with Daw Aung San Suu Kyi ဆိုသည့် ထောက်ခံကြိုဆိုမှုများကို မြန်မာမိသားစုများတင်သာမက နယ်မြေအသီးသီးရှိ မြန်မာ့အရေးလှုပ်ရှားသူ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ထုတ်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာပြည်သူများနှင့်အတူ နိုင်ငံတကာမိသားစုများနှင့် လက်တွဲထားသော ဒီမိုကရေစီကွန်ယက် ဖြစ်မြောက်လာစေလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အမေရိကန် မြန်မာကွန်မြူနီတီ ၁၄ မြို့နယ်က ထုတ်ပြန်သည့် စာကို သည်နေရာမှာ ရယူဖတ်ရှုနိုင်ပါသည်။
(ဓာတ်ပုံ – ဒေါ်စုပုံနှင့် ဒီဇိုင်းတခု၊ မိုးမခ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts