>
နီလွင်သွေး (ဒဿနိက)
နိုဝင်ဘာ ၁၇၊ ၂၀၁၀
နိုဝင်ဘာ ၁၇၊ ၂၀၁၀
ပုခက်လွှဲသောလက်ဖြင့်
ကမ္ဘာမြေကိုဖြန့်ကျက်အုပ်မိုး
ဘုန်းမိုးထစ်ချုန်းရွာစေအေး။
အမေ့လက်ဖြင့်
ဖြန့်ကျက်အုပ်မိုး
ဘုန်းတန်ခိုးဖြင့်
အကျိုးထူးစေ
မြန်မာပြည်ကို
အမေထမ်းရွက် ငြိမ်းချမ်းရေး။
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သို့)
နိုဝင်ဘာ ၁၃၊ ၂၀၁၀ (စနေနေ့)
သရုပ်ဖော် – အောင်ထက်