>4 Comedian denied they did not take part in 2010 campaing trip

>

သရဲလေးကောင်က လွင်မိုးနဲ့အတူ ရွေးကောက်ပွဲမှာ မဲမဆွယ်ခဲ့ကြောင်း ရှင်းလင်း
ဂျာနယ်ဂြိုဟ်သာဂိ
နိုဝင်ဘာ ၁၆၊ ၂၀၁၀
မိုးမခပေးစာမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးတယောက် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ဖက်က မဲဆွယ် စည်းရုံးရေးတွေ လုပ်ခဲ့တယ်၊ ကြံ့ဖွံ့ကို မဲပေးဖို့ ဇာတိမြေ မြိတ်ကို သွားရောက်ခဲ့တယ်လို့ ဆိုထားပါတယ်။ သူနဲ့အတူ နံမည်ကြီးဖော်၊ ကြီးဖက်တွေဖြစ်တဲ့ သူရဲလေးကောင်ဖြစ်တဲ့ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူနဲ့ ကင်းကောင်တို့ကတော့  ရွေးကောက်ပွဲကာလမှာ လွင်မိုးနဲ့ လက်တွဲဖြုတ်ခဲ့တယ်လို့ သတင်းဂျာနယ်ထဲမှာ ရှင်းလင်းချက် ထုတ်လိုက်ပါတယ်။
သူတို့တတွေကိုယ်တိုင် လွင်မိုးနဲ့အတူ ရွေးကောက်ပွဲကို မဲဆွယ်ဖို့ သွားရောက်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ရပ်တည်ချက်ကို ပြည်တွင်းသတင်းဂျာနယ်များကနေ ထုတ်ဖော်ရှင်းလင်းလိုက်တာလို့ သိရပါတယ်။
ငှက်ပျောကြော်က ကားရိုက်ရှိနေလို့ ငြင်းလိုက်တယ်လို့ ပြောပါတယ်။ ဖိုးဖြူကတော့ အသည်းရောဂါကြောင့် မဲတောင် မပေးဖြစ်ခဲ့ဘူးလို့ ရှင်းပြပါတယ်။ ကင်းကောင်ကတော့ ကားရိုက်ရှိနေလို့ မဲပေးတဲ့နေ့မှာ ခရီးလွန်နေတယ်လို့ ဆိုပါတယ်။ အရိုင်းက မဲဆွယ်ခရီးကို မလိုက်ခဲ့ပါကြောင်း ပြောလိုက်ပါတယ်။
ဂျာနယ်သတင်းအနေနဲ့ ဖြတ်ညပ်ကတ် ပြောချင်သော်လည်း လွင်မိုးအကြောင်းပေးစာထဲမှာ ပါတာကို အကြောင်းပြုပြီး သူ့မိတ်ဆွေ သရဲလေးကောင်ကိုယ်တိုင်အကြောင်း ဂျာနယ်သတင်းမှာ ပါခဲ့တာကို သီးခြား တင်ဆက်လိုက်ပါတယ်။ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ သူတို့ရဲ့ အနုပညာရဲဘော် ကိုဇာဂနာကတော့ သတင်းသာကြားရင် ဘယ်လိုနေမယ် မသိပါဘူးခင်ဗျာ။ True News ဂျာနယ်က ယူပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts