>Kyaw Thu – FFSS Yangon Activity (16th November 2010)

>

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
နိုဝင်ဘာ ၁၆၊ ၂၀၁၀

ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်သမိုင်း … ကိုယ်ရေး

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေ ရန်သူ မရွေးတို့၏ နာရေးကိစ္စများကို အခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂. ၁၁. ၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘ ဦးလွင်၏ဇနီး ဒေါ်တင်တင်မလေး အသက် (၈၈) နှစ်သည် ဘဝတပါးသို့ ပြောင်းလဲသွားပါ၍ ၁၄. ၁၁. ၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ သယ်ဆောင်၍ မီးသင်္ဂြိုဟ်ပေးခဲ့ပါသည်။

ယင်း ဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးတင်ဦး တို့သည်လည်း ဘဘ ဦးလွင်အား လာရောက်ဂါရဝပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။


လမ်းတလျှောက် အားပေးနှစ်သိမ့်ကြသော ပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသော လူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့် ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူ အလွန်စည်ကားလှသည်။



မည်သို့ပင်ဖြစ်စေ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ် ၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။


အောင်ပွဲခံသောနေ့


၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အောင်ပွဲခံသော နေ့တနေ့ပင် ဖြစ်တော့သည်။ အကြောင်းမှာ ၂၀. ၁၁. ၂၀၁၀ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အသင်းသူ/ သားများစုပေါင်း ပါဝင်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဒိုးပတ်ဝိုင်းများ၊ ရှမ်းအိုးစည်ဝိုင်းများဖြင့် ဝဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ပဒေသာပင်များ သယ်ဆောင် ပို့ဆောင်ကြမည်ဖြစ်သည်။ ထို့အတွက် ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီတွင် “အောင်သိဒ္ဓိ” ရှမ်းအိုးစည် သာသနာပြုအဖွဲ့မှ လာရောက်၍ ရှမ်းအိုးစည်အက၊ ဓားသိုင်းအက များဖြင့် လာရောက်ကုသိုလ်ယူ ဖျော်ဖြေမှုတရပ်ကို ကထိန်ပွဲတော်အကြိုအဖြစ် လာရောက်ကပြ ဖျော်ဖြေသွားသည်။ ယင်းသို့ ဖျော်ဖြေရာတွင် အောင်ပွဲခံ ရှမ်းတီးလုံးများဖြင့် တက်ကြွ မြိုင်ဆိုင်စွာ ကပြခဲ့သည်။




သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts