>thousands flee from Myawaddy

>

DKBA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲများကြောင့် မြ၀တီလူထု ထောင်နှင့်ချီ တိမ်းရှောင်ရ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၈၊ ၂၀၁၀

နယ်စပ်မြို့ မဲဆောက်ရောက် မြ၀တီလူထု (photos; Reuters)

ကရင်ပြည်နယ် မြ၀တီမြို့တွင် DKBA နှင့် မြန်မာ့တပ်မတော်တို့ ယနေ့နံနက်က ပစ်ခတ်တိုက်ခိုက်ကြသောကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးကြရသည်။
မဲဆောက်အခြေစိုက် ဆုံဆည်းရာဘလော့ http://soneseayar.blogspot.com/2010/11/blog-post_08.html က ထိုအခြေအနေများကို အဆက်မပြတ် တင်ပြလျက် ရှိသည်။

လက်နက်ကြီး ကျည်ဆံများက စစ်ပြေး ဒုက္ခသည်များ ရောက်ရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့လည်း ရောက်ရှိ ပေါက်ကွဲလျက် ရှိသည်။ ကျည်ဆံကျသည့် နေရာတခုကို စစ်ဆေးနေသော ရဲတဦး။

ထပ်မံ ဖြည့်စွက်ချက်
ထိုဒေသ ယနေ့ နေ့ခင်း အခြေအနေကို မဲဆောက်မှ မိုးမခ မိတ်ဆွေတဦးက အောက်ပါအတိုင်း ပြောပြသည်။

မြ၀တီမှာ ချကုန်ပြီ
လူတသောင်းလောက် ထိုင်းဘက်ကမ်းကို ထွက်ပြေးလာတယ်။
လေယာဉ်ကွင်းရှေ့က ကွင်းပြင်ထဲမှာ နေရာချပေးထားတယ်
ရွက်ဖျင်တဲတွေထိုးပေးထားတယ်
ထိုင်းတပ်က ကူညီနေတာ
ရေနဲ့စားစရာတွေ ဝေနေတယ်
နှုတ်ခမ်းမွှေးနဲ့ ဒီကေဘီကေအချို့ ပေါင်းနေတယ်
ထရမ်စဖော်မာကို နှုတ်ခမ်းမွှေးတပ်က ပစ်တယ်
ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်ပစ်တဲ့သဘော

အခုတော့ မြ၀တီ ၄ ရပ်ကွက်မှာ ပိတ်မိနေတယ်
လေယာဉ်ကွင်းရှေ့ကနေ ယာဉ်တွေပိတ်လိုက်ပြီ
ကေအန်ယူ ကူမယ်ပြောတယ်
ထိုင်းဘက်ကို လက်နက်ကြီးကျတယ်
ခုချိန်ထိ ပြည်သူ ၃ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ
မြ၀တီအထက်တန်းကျောင်းရှေ့ကို လက်နက်ကြီးကျ
ကျောင်းတံခါးပိတ်ခဲ့၊ အပြင်မထွက်ရ
မိဖ များ ခြံစည်းရိုးရိုက်ဖျက်ပြီးဝင်တယ်

သူတို့သားသမီးတွေကို ခေါ်သွားတယ်
အခု ဒီဖက်ကိုရောက်လာတာ ကျောင်းကနေတန်း လာတဲ့ ကျောင်းသား၊ သူတွေ ပါတယ်
ကျောင်းဝတ်စုံနဲ့ပဲ

သောင်ရင်းမြစ်ဘေးတွင် ကင်းလှည့်နေသော ထိုင်းစစ်သားများ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ ပြေးနေပုံကို မဲဆောက်မြို့ဘက်မှ လှမ်းရိုက်ထားသော ပုံ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts