>
ဦးသုမင်္ဂလ တရားပွဲကို ဖိတ်ခေါ်ပါတယ်
ဂျစ်တူး (မုံရွာ)
နိုဝင်ဘာ ၅၊ ၂၀၁၀
ဒီနေ့ မှ ဒီနေ့ နော်။ ဟုတ်လား။ လာဖြစ်အောင် လာနော်။
ကျောင်းပိတ်ရက် …
ရုံးပိတ်ရက် …
အလုပ်ပိတ်ရက် …
ဒီလောက်တောင် ကြုံတောင့်ကြုံခဲ ပိတ်ရက်ကလေးနဲ့ ဆုံနေတာကို လာဖြစ်အောင်သာ လာခဲ့ပါဗျာ။ ဆရာတော်ကတော့ နေမကောင်းနေတဲ့ ကြားထဲကကို ဟောမှာတဲ့။ မိုးကုတ်သူ မိုးကုတ်သားတွေက တောင်းတောင်းပန်ပန် လျှောက်လို့သာ ဆရာတော့်တရားကို နာရမှာလေ။
ဒီနေ့ တရက်တည်းပဲ ဆရာတော်ပုံတော်ကို ဒါနလုပ်မှာနော်။ တပုံကို ၂ ဒေါ်လာတောင် အကုန်ခံကူးပြီး ပုံပေါင်း ၁၂၀၀ (ထောင်ကျော်) ဝေမှာဗျ။ အလှူအတွက် ကူညီပံ့ပိုးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေအားလုံးကိုလည်း ကျေးဇူး အထူး တင်မိပါတယ်ဗျာ။
ဆက်ဆက်လာခဲ့ပါဗျာ။
မျှော်နေမယ်နော်။
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ….
ဒယ်အိုးဆရာတော်မှ တရားတော်များ ဟောကြားချီးမြှင့်မည်ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် – နိုဝင်ဘာ ၅ – ၆ – ၇ ရက် ၂၀၁၀
အချိန် – ညနေ ၇ နာရီ မှ ၉ နာရီ
နေရာ: Informatic Campus
12 Science Center Road, S609080 (Jurong East MRT အနီး)
ဆက်သွယ်ရန် – ၉၁၄၄၇၃၄၇
ဆရာတော် ဥူးသုမင်္ဂလ သည် သစ္စာပါရမီ တွင် သီတင်းသုံးပါမည်။
Blk 120, # 01-81, Ivory Height, Jurong East Street -13, Singapore 600120
တရားပွဲကို နာယူကြည်ညိုနိုင်ပါရန် အောက်ဖော်ပြပါ Website များမှ တိုက်ရိုက် ထုတ်လွှင့်ပါမည်။
http://www.apytz.net/ (အဖြူရောင်သံစဉ်)