Uncategorized

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – သူ့ကိုများ ညွှန်းဆိုရော့လေသလား …?

သူ့ကိုများ …ညွှန်းဆိုရော့လေသလား..? 
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
နိုဝင်ဘာ ၃၀၊ ၂၀၁၃
မျက်နှာလေးတချက် တင်းမာခိုက် ၊ မျက်စောင်းလေးတချက်စွေအကြည့် ခိုက် ၊
ကာယကံရှင်သာမက  ပတ်သက်ရာ ပတ်သက်ကြောင်းလူအစုစု၊
ဘဝဆောက်တည်မရ အလဲလဲအပြိုပြို ဖြစ်စေခဲ့ ရသူတယောက်…..၊၊
အသံသြဇာပါဝါအားအပြည့် ၊ လက်ညှိုးတချက်ထိုးလိုက်တဲ့ တခဏ ၊
လက်ညှိုးညွှန်ရာ   မီးလောင်ပြင်တစလို ပြောင်းသလင်းခါစေခဲ့ ရသူတယောက်…၊၊
အားပါးတရ ဝမ်းပမ်းတသာ ပုခုံးပုတ်နှုတ်ဆက်ခံရသူ
နေ့ ချင်းညချင်း ကြီးပွားချမ်းသာစေခဲ့ ရသူတယောက်….၊၊
ရောက်ရာအရပ် ၊ ကြက်ပျံမကျ စည်ကားရောင်းဝယ်ရာဈေးကြီး ၊
မီးကိုရေဖြန်းသကဲ့ သို့  အရာရာ ငြိမ်သက် တိတ်ဆိတ်သွားစေခဲ့ ရသူတယောက်…၊၊
ဆင်ဖဲတွေကြားက  ဝှက်ဖဲတချပ် ထုတ်သုံးချိန်တန်ပြီ လို့ ယူဆလေသလား ?
လွတ်ချိန်တန် လွတ်ထိုက်ချိန် ရောက်လေပြီ  လို့ ယူဆလေသလား ?
အပြုံးမျက်နှာ  လက်ကျန် အိုက်တင်လေးတွေနဲ့  တွေ့ လိုက်ရတော့ ..
အော်  စောင့် မျှော်နေသူ  ရင်ကိုလှုပ်ရှားလှိုင်းထန်စေခဲ့ သူတယောက်….၊၊
ဘဘ ကတော့  အသက်ကြီးပါပြီ ၊
နိုင်ငံရေးမလုပ်တော့ ပါဘူး …ဘုရားတရားနဲ့ ဘဲ နေပါတော့ မယ် …ဆိုတော့ .
ရင်မှာ ဒွိဟ ..သံသယ…၊၊
လူငယ်တွေအများကြီးပါ ၊
ပညာတတ် ထက်မြက်သူတွေရှိတယ်…သူတို့ လေးတွေ လုပ်ပါစေပေါ့  ဟုတ်ပြီလား ?  ဆိုတော့ ..
ကြောင်ထင် ယုံထင် …အတွေးတွေက တဆုံး …၊၊
အခွင့် အခါကြုံတိုင်း ၊ စကားပြောခွင့် ရတိုင်း.၊
လူငယ်တွေ လုပ်ပါစေ..တက်ကြွ ထူးချွန်တဲ့ လူငယ်တွေ ရှိတယ်..၊
သူတို့ လေးတွေဘဲ လုပ်ရမှာပေါ့ ..ရယ်လို့ ..
တဖွဖွ ပြောနေတာ  ကြာလာတော့ ..
အတွေးတွေထဲက  မေးခွန်းတွေ  မရေမတွက်နိုင်…၊၊
သို့ လော  သို့ လော အတွေး မေးခွန်းတွေ ချာချာလည်နေဆဲ.၊
ရုတ်တရက် ရုပ်သံ မျက်နှာပြင်ပေါ်….
အပြာရင့် ရောင် ရှပ် အင်္ကျီလေးနဲ့  ထွက်ပေါ်လာသူ..၊၊
လောကဓံတရားကို တည်ငြီမ် ကြံ့ ခိုင်နိုင်သူ..၊၊
နာကျည်းခံပြင်းစရာ ပြုလုပ်ခဲ့ သူကို ကောင်းကွက်တခုနဲ့  ချေဖျက်ခွင့် လွတ်နိုင်သူ…၊၊
တိုင်ပြည်အန္တရာယ်ကို အမြဲတန်းကာကွယ်စောင့် ရှောက်ခဲ့ သော တပ်မတော်ကိုချစ်သူ…၊၊
ဒေါ်အောင်ဆန်းစုကြည်ကိုလဲ မိသားစုဝင်သဖွယ် ချစ်ခင်လေးစားသူ…၊၊
အနောက်နိုင်ငံကို အခေါက်ခေါက်အခါခါ သွားလာနေထိုင်ခဲ့ သူ…၊၊
အနောက်တိုင်းယဉ်ကျေးမှု ၊အနောက်တိုင်းဒီမိုကရေစီစံနစ်ကို မြည်းစမ်းကြည့် ခဲ့ ဖူးသူ..၊၊
မြန်မာ့ ရိုးရာ ယဉ်ကျေးမှုဓလေ့ကိုလဲ လေးစားတန်ဖိုးထားသူ..၊၊
အဖြစ်အပျက်အားလုံး တရားသဘောနှင့် ယှဉ်  တည်ငြိမ် ရင့် ကျက်စွာ ပြောဆို ရှင်းပြနိုင်သူ..၊၊
ယခင် ပါတီကြီးတခု အမာခံ လူဟောင်းတွေရဲ့ အိပ်မက်ကို ပြန်လည် နိုးထ ရှင်သန်စေခဲ့ သူ…၊၊
ဘာမထီ ဒီမို သွေးသောက်ကြီးဦးဝင်းတင် ရဲ့ ၇၅% နှုန်း အကောင်းမြင်ခြင်းခံရသူ..၊၊
သူ…သူ…သူဖြစ်လေမလား ?…?…?…?…?…?
သူ..သူ….သူ့ ကိုမျှား ညွှန်းဆိုရော့ လေသလား ..?…?…?…?….?…?
ကျနော်တို့ …ကျနော်တို့  …ကျနော်တို့  စောင့် ကြည့် ကြပါစို့ ….၊
ကျနော်တို့ ….စောင့်   ကြည့်   ကြ   ပါ   စို့ ………………………၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts