>Min Naing (Buffalo) – Where is the Regime’s New Flag at UN Plaza

>

ယူအင်ဌာနချူုပ်က မြန်မာ့အလံ မလဲရသေးဘူးလား၊ ဘယ်တော့အလံပြောင်းမှာလဲ
မင်းနိုင် (ဘတ်ဖဲလိုး၊ နယူးယောက်)
နိုဝင်ဘာ ၂၊ ၂၀၁၀
အယ်ဒီတာခင်ဗျား
ကျနော်တို့ ဘတ်ဖဲလိုးမြို့၊ နယူးယောက်ပြည်နယ်က မြန်မာဒီမိုကရေစီသမားများ နဲ့ အခြားပြည်နယ်များက ရဲဘော်တွေ ဒီတပတ် ၂၉ ၊ ၃၀ မှာ နယူးယောက်နဲ့ ၀ါရှင်တန်ဒီစီကို စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို ဆန္ဒပြကန့်ကွက်ဖို့ ချီတက်ခဲ့ကြပါတယ်။ ကျနော်တို့က စစ်အစိုးရရဲ့ အတုအယောင် မျက်လှည့်ပြပွဲလို့ ပြောချင်ပါတယ်။ ကျနော်တို့က ရွေးကောက်ပွဲလို့တောင် မခေါ်ချင်ပါ။
၂၉  အောက်တိုဘာ သောကြာနေ့၊ ယူအင်ရုံးချုပ် ရင်ပြင်မှာ ရောက်ကြတော့ စစ်အစိုးရအလံသစ်ကို လိုက်ရှာကြတော့  အာဖရိကတိုက်က နိုင်ငံများရဲ့အလံတွေနဲ့ ဆင်တူတဲ့ ၀ါစိမ်းနီကို ရှာမတွေ့ခဲ့ကြပါဘူး။ အခြားဝါစိမ်းနီအလံတွေမှာက အလယ်ခေါင် ကြယ်ဖြူတပွင့်မှ မပါတာကိုး။ ယူအင်ရုံးချူပ်မှာ ယခင်အလံဟောင်းကိုပဲ မချသေးဘဲ တင်ထားတုန်းပဲလို့ ပြောဖြစ်ကြပါတယ်။
နောက်တရက် ဝါရှင်တန် ဒီစီ နအဖ စစ်သံရုံးရှေ့ ရောက်ရောက်ချင်း သတိထားမိတာကတော့ အလံသစ် တင်ထားပြီးဖြစ်နေတာပါပဲ။ အလံပြောင်းပြောင်း မပြောင်းပြောင်း စစ်အာဏာရှင်စနစ်ဆိုးကြီးက ပြောင်းလဲသွားမှာ မဟုတ်တဲ့အတွက် ကျနော်တို့တတွေ အားလုံး အတူတကွ စစ်သံရုံးရှေ့မှာ ရွေးကောက်ပွဲကို တခဲနက် ရှုတ်ချ ကန့်ကွက် ဆန္ဒပြကြပါတယ်။
ယူအင်မှာ အလံလဲပြီး တင်ထားခဲ့ပြီဆိုရင်တော့ မြန်မာပြည်သူတွေ ရှုစားကြဖို့ ဓာတ်ပုံလေး ရိုက်ပြီး တင်ပေးကြပါဦး ခင်ဗျား။ ဘာတွေကိုများ စောင့်နေသေးတာလဲ ခင်ဗျား။           

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts