>Citizen of Burma Members from Las Vegas host Mate Son Pwe to raise funds

>

ပြည်သူ့ဂုဏ်ရည် ဗေးဂတ်စ် ကွန်မြူနီတီနှင့်အတူ ရန်ပုံငွေပွဲ ပထမဆုံး ကျင်းပ
ပြည်သူ့ဂုဏ်ရည် ပြန်ကြားရေး
နိုဝင်ဘာ ၂၊ ၂၀၁၀
အောက်တိုဘာ ၃၀ ရက်နေ့ ညနေခင်းက နီဗားနားပြည်နယ်၊ ဗေးဂတ်စ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့သားများ စုဝေးကြပြီး ဂီတဆည်းဆာနဲ့ ရသာစုံ ညနေခင်း မိတ်ဆုံပွဲ ကျင်းပခဲ့ကြသည်။ ဗေးဂတ်စ်မြန်မာကွန်မြူနီတီမှ ပရိသတ် ၆၀ ကျော် တက်ရောက်ကြပြီး ရပ်ဝေးမှ ပြည်သူ့ဂုဏ်ရည် မိတ်ဆွေများကလည်း လာရောက် အားပေးကြသည်။ ကယ်လီဖိုးနီးယားက အယ်လ်အေ နှင့် အာရီဇီုးနားက ဖီးနစ်မြို့ တို့က ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ လာရောက်ခဲ့ကြသည်။
 
အစီအစဉ်တွင် ကြေညာထားသည့်အတိုင်း စားသောက်ဖွယ်ရာများကို တည်ခင်းဧည့်ခံပြီး မြန်မာကာရာအိုကေသီချင်းများကို ဧည့်ပရိသတ်တို့က ၀ိုင်းဝန်း သီဆိုကြသည်။ တက်ရောက်လာသူများကို မိတ်ဆုံတွင် အစားအသောက်လက်မှတ်သီးခြားရောင်းချခြင်း မပြုဘဲ မိတ်ဆုံပွဲ ၀င်ကြေးအလှူခံခြင်းကိုသာ ဆောင်ရွက်ခဲ့သည်။ ရန်ပုံငွေအတွက် ပြည်သူ့ဂုဏ်ရည် တီရှပ်များ ရောင်းချသည်ကို တွေ့ရသည်။ ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေအတွက် ဗေးဂတ်မြန်မာမိသားစုများက ဒေါ်လာ ၁ ထောင်ကျော် အလှူလက်ခံရရှိခဲ့သည်ဟု ဆိုသည်။
 
“ဗေးဂတ်စ်မှာ မြန်မာကွန်မြူနီတီက အများကြီး မရှိသေးဘူး။ လူအားဖြင့် ရာ ဂဏန်းပဲ ရှိသေးတယ်။ ဒါပေမယ့် တလလောက်ကြိုပြီး မိတ်ဆွေတွေကို အကြောင်းကြားတယ်။ အီးမေးတွေ အင်တာနက်တွေကနေ လက်တို့ထားတယ်။ နောက်ပြီးတော့ ပြည်သူ့ဂုဏ်ရည်ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုလည်း မြန်မာမိသားစုတွေက စိတ်ဝင်စားပြီး အားပေးကြတယ်။ ကျနော်တို့တတွေ ဆက်ပြီးတော့ တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ်နဲ့ ဆက်ပြီး အားလုံး ပါဝင်လာကြရအောင် ကြိုးစားသွားရမယ်”
ဟု ပြည်သူ့ဂုဏ်ရည်အသင်း ဗေးဂတ်စ်က လုပ်အားပေးဦးဆောင်သူ ကိုဝင်းသူအောင်က ပြောပြသည်။ ဧည့်ခံပွဲကို ပြည်သူ့ဂုဏ်ရည်လုပ်အားပေးတဦးဖြစ်သူ ကိုလင်းထွဋ်၏ နေအိမ်နှင့် ခြံဝင်းအတွင်း ကျင်းပခြင်း ဖြစ်သည်။ 
“အခုလိုမျိုး မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ မိတ်ဆုံပွဲလေးလုပ်ကြတာက ခြေနိုင်လက်နိုင်နဲ့ နွေးနွေးထွေးထွေး ရှိတာကို တွေ့ရတယ်။ ရာခိုင်နှုန်အားဖြင့် တွက်ရင်လည်း ဗေးဂတ်စ်က မြန်မာဦးရေ ရာဂဏန်းမှာ ၅၀ ကျော် ၆၀ လာကြတယ် ဆိုတာက အရမ်းကို အားရစရာကောင်းပါတယ်။ ကျနော်တို့တတွေလည်း ပိုပြီး ကြိုးစားကြရမယ်။ အခြားမြို့နယ်တွေမှာလည်း အခုလို မိတ်ဆုံပွဲတွေ လုပ်ပြီးတော့ ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုတွေ ကျယ်ပြန့်အောင် တိုက်တွန်းချင်ပါတယ်”
ဟု ပြည်သူ့ဂုဏ်ရည်အသင်း အယ်လ်အေက လုပ်အားပေးတဦးဖြစ်သူ ကိုဘိုဘိုက သူ့အတွေ့အကြုံကို ပြောပြသည်။ ဗေးဂတ်စ်ပြည်သူ့ဂုဏ်ရည်မိတ်ဆုံပွဲတွင် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုများ၊ အစီအစဉ်များနှင့် ဂုဏ်ယူဖွယ်ရာ မြန်မာများအကြောင်း တင်ဆက်ပြသမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
(ဓာတ်ပုံ – ဘိုဘို)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts