Uncategorized

Naing Oo Nyo (Phoe Zero) – Poem

သူစားသွားတဲ့ဆီးသီး
နိုင်ဦးညို (ဖိုးဇီးရိုး)
ဇွန် ၃၊ ၂၀၁၃


သူစားသွားတဲ့အသီး
သိပ်ချိုသိပ်အေးသတဲ့
ရေခဲသေတ္တာထဲမှာ
ထားစားစား
မတောင်းဘဲ
ခိုးစားစား
အပင်ပေါ်
အပင်အောက်
မြေပေါ်ဘဲရောက်ရောက်
သိပ်ချိုမြသတဲ့၊
ဆရာရေ
ဆရာ့လို
တရားမျှတ
လွတ်လပ်ခြင်း
အပြည့်နဲ့လူ
ချိုမြတာပေါ့၊
အဲလို
ချိုမြတဲ့အသီး
မစားကောင်းတဲ့
သူတွေ
စားတော့၊
ပုပ်စော်
နံဟောင်
လေချဉ်တောင်
တက်မအား၊
အများတကာကြား
သွားလေရာ
အနံ့
တထောင်းထောင်းထ၊
ဒါတောင်မှ
သူမှသူ
လူရာဝင်
ထင်လို့နေသေး၊

ဆရာမောင်စွမ်းရည်၏ ရေခဲသေတ္တာပေါ်မှာ ဟိုကောင်ထိုးသွားတဲ့ကဗျည်းကဗျာ ဖတ်ပြီး ရေးသောစာ ……

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts