>Paul the psychic octopus dies, aged 2 and half

>

ဗေဒင်ဆရာ ရေဘ၀ဲ လူကြီးရောဂါဖြင့် ကွယ်လွန်
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၈၊ ၂၀၁၀(photo: Reuters)
ယခုနှစ် ကမ္ဘာ့ဖလားပွဲကျင်းပစဉ် မည်သည့် အသင်းအနိုင်ရမည်ကို ကြိုတင် ခန့်မှန်းပေးခဲ့သည်ဟု ဆိုသော ရေဘ၀ဲ အင်္ဂါနေ့က သေဆုံးသွားကြောင်း သူနေထိုင်ခဲ့သည့် ငါးပြတိုက်မှ ပြောရေးဆိုခွင့် ရှိသူက သတင်းဌာနများကို ပြောသည်။ ရေဘ၀ဲ ပေါလ် ကွယ်လွန်ချိန်တွင် အသက် ၂ နှစ်ခွဲခန့် ရှိပြီ ဖြစ်သည်။ ကမ္ဘာကျော် ပေါလ်ကို သူနေထိုင်ခဲ့သော ဂျာမဏီရှိ ပြတိုက်တွင် မြှုပ်နှံမည်ဟု ဆိုသည်။ ပေါလ် ကဲ့သို့သော ရေဘ၀ဲ အမျိုးအစား တကောင် အများဆုံး အသက်ရှင်နိုင်သည့် ကာလမှာ ၃ နှစ်ခန့် ဖြစ်သည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts