>Aung Way’s poem on USDA

>

အမဲလိုက်ပုံပြင်
အောင်ဝေး
အောက်တိုဘာ ၂၅၊ ၂၀၁၀


တစ်ရံရောက
မုဆိုးနှစ်ယောက်
သူတို့ အမဲလိုက်ခဲ့ပုံတွေ
ပြန်ပြောကြတယ်။

တစ်ယောက်က
ကြံ့လိုက်တဲ့အကြောင်း – – –
တစ်ယောက်က
ဖွတ်လိုက်တဲ့အကြောင်း – – -။

စကား ကောင်းနေလိုက်တာ
သူငယ်အိပ်ဆိတ်
တံစက်မြိတ်စွန်းမှာ
လ၀န်းချိတ်ခဲ့ပြီ။

နောက်ဆုံး
ကြံ့လိုက်မုဆိုးက
အသံပြာခဲ့ကြောင်း – –
ဖွတ်လိုက်မုဆိုးက
ဓားမ ဆုံးခဲ့ကြောင်း – –
စကားဝိုင်းသိမ်းတော့
သက်ကြီးခေါင်းချ
ထနောင်းပင်စိမ်းစိမ်းမှာ
လရောင်လည်း သိမ်းခဲ့ပေါ့။

မူရင်း – သောင်းပြောင်းထွေလာ မဂ္ဂဇင်း၊ ၂၀၀၆ ဖေဖော်ဝါရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts