>Oak Soe Naing’s Article

>

ခေတ်ပေါ် ဝေဒနာ
အုပ်စိုးနိုင်
အောက်တိုဘာ ၈၊ ၂၀၁၀

ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နားထောင်လို့တော့ အတော်ကောင်းတာပါပဲ။ တကယ်တန်းမှာလည်း ခေတ်မမီဘူးဆိုရင် ဘဝမှာ နေဖို့ထိုင်ဖို့ ခက်လာတာကလည်း ငြင်းလို့မရပြန်ပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိုရင် သိပ်ပြီး မသိသာလှပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ရှင်သန်ရပ်တည် နေထိုင်ကြပြီဆိုရင်တော့ ‘ပညာ’ ဆိုတဲ့ စကားလုံးက မရှိမဖြစ် ဆိုသလောက်ကို အရေးပါနေခဲ့နေပြီပေါ့။ အိုင်တီခေတ်၊ ပညာလူ့အဖွဲ့အစည်း စတဲ့ စကားလုံးတွေနဲ့ ယဉ်းပါးခဲ့၊ ကြားဖူးခဲ့တာ ဆယ်ခုနှစ် ၂ ခုလောက် ရှိခဲ့ပါပြီ။ အရင်တုန်းကတော့ သာမန်ပါပဲ။ ခုတော့ တနေ့တခြား ပိုပိုပြီးတော့ သိလာရတာက ဒီနေ့လူ့အဖွဲ့အစည်းထဲမှာ ပညာမရှိရင် အတော့်ကို ကသိကအောက် ဖြစ်ရပါလားဆိုတာပါပဲ။ သိစရာ တတ်စရာတွေကလည်း များသလားမမေးနဲ့၊ ဒီနေ့တမျိုး၊ နောက်နေ့ကျရင် နောက်တမျိုး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts