>Dr Khin Maung Win – Introduction Evolutionary psychology

>

ဒေါက်တာခင်မောင်ဝင်းရဲ့ အီဗော်လူးရှင်းစိတ်ပညာ မိတ်ဆက်
စာအုပ်စင်သာဂိ
အောက်တိုဘာ ၂၊ ၂၀၁၀
မုံရွေးစာပေမှ ထွက်ရှိလိုက်သော စာအုပ်သစ် တအုပ် ဖြစ်ပါတယ်။
အမည်က အီဗော်လူးရှင်းစိတ်ပညာမိတ်ဆက် – Introduction Evolutionary psychology  ဖြစ်ပြီး ဘာသာပြန်အမျို်းအစားထဲမှာ ပါဝင်ပါတယ်။  မိတ်ဆက်စာစဉ်များ၏ ထုံးစံအတိုင်း ရုပ်ပုံများနှင့် ရှင်းလင်းချက်များ ပါဝင်ပါတယ်။
စိတ်ဝင်စားစရာ မေးခွန်းခေါင်းစဉ်တွေကတော့
“လူ့စိတ်သည် မည်ကဲ့သို့ ဖြစ်လာသနည်း”
“လူ့စိတ်သည် ရှေးကမျိုးနွယ်စုများ၏ စိတ်များနှင့် ဘာကွာခြားသနည်း” တဲ့။
သည်လိုမေးခွန်းများကို ဖြေရှင်းပေးထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။
“အပြုအမူဟာ စိတ်နဲ့ ဘာမှမဆိုင်ဘူး”
“အပြုအမူဟာ စိတ်ကြောင့် မဟုတ်၊ ပြင်ပပယောဂ ကြောင့် …” စတဲ့ အပြန်အလှန် ပြောဆိုချက်များ။
“လူတော်နဲ့ လူညံ့တွေဟာ မွေးကတည်းက ဖြစ်လာတာပဲ” ဆိုတဲ့ Francis Galton က သူ့ရဲ့ Hereditary Genius စာအုပ်ထဲက ပြောဆိုချက်များ …
“တော်တာနဲ့ ညံ့တာဟာ ပတ်ဝန်းကျင်ကြောင့် ဖြစ်လာတာပါ…” ဆိုတဲ့ ကောက်ချက်များကိုလည်း တွေ့ကြရ ဖတ်ကြရဦးမယ်။
လူဟာ မျောက်က ဆင်းသက်လာတယ် ဆိုတဲ့ အချက်များနှင့် မျောက်ချင်ပန်ဇီ တို့ရဲ့ လှုပ်ရှား နေထိုင် အသက်ရှင်နေကြပုံ ရုပ်ပုံများကိုလည်း စိတ်ဝင်စားဖွယ် ဖတ်ကြရမယ့် စာအုပ်ကောင်း တအုပ်အဖြစ် တင်ပြလိုက်ပါတယ်။
ရောင်းဈေးတွေ၊ ပုံနှိပ်မှတ်တမ်းတွေတော့ သည်မှာ ထည့်မရေးတော့ပါဘူး။ စာအုပ်တိုက်၊ ရေးသူ၊ ခေါင်းစဉ်နဲ့ အကြောင်းအရာ သိသွားပြီဆိုရင် ဖတ်ချင်တဲ့သူက ရအောင် ရှာဖတ်ပြီး၊ မဖတ်ချင်တဲ့သူကတော့ ဒီစာကြောင်းအထိတောင် ဖတ်မှာ မဟုတ်လို့ အထူး ပြောမနေတော့ပါ။ ဒါလည်း လူ့စိတ်ပဲ မဟုတ်ပါလား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts