>U Ni Mar weekly swan offering

>

မမာမာဦးရဲ့ ဖခင် ဦးနီမာရဲ့ ရက်လည်ဆွမ်းကျွေး
တာရာဝေယံ၊ ရန်ကုန်
အောက်တိုဘာ ၁၊ ၂၀၁၀
Justify Fullမိသားစုဝင်မပါတဲ့ ရက်လည်ဆွမ်းကျွေးတခုဟာ စက်တင်ဘာ ၂၈ ရက်မနက်ပိုင်းက စည်စည်ကားကားနဲ့ ပြီးဆုံးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားဟောင်းတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်မှု ကြောင့် ဗန်းမော်အကျဉ်းထောင်ထဲမှာ နှစ် ၇၀ ကျော် အကျဉ်းကျခံနေရတဲ့ မမာမာဦးရဲ့ ဖခင် ဦးအုန်းမောင် (ခ) ဦးနီမာ ၇၄ နှစ်ရဲ့ ရက်လည်ဆွမ်းကျွေးကို စီစဉ်နိုင်ခဲ့ကြောင်း သိရပါတယ်။

သံဃာတော် ၃ ပါးကို နံနက် ၅ နာရီ ၁၅ မိနစ်မှာ အာရုံဆွမ်းကပ်လှူပြီး သင်္ကန်းဒွိစုံများကို ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ ဆွမ်းကျွေးကို လှိုင်မြို့နယ် ၁၃ ရပ်ကွက်၊ သီရိမြိုင် ၃ လမ်း၊ အိမ်အမှတ် ၁၉ နေအိမ်မှာ ကျင်းပခဲ့တာပါ။

ရက်လည်အလှူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးလှဖေ အစရှိတဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။

ဦးနီမာကွယ်လွန်ကြောင်းကို ဗန်းမော်အကျဉ်းထောင်မှာရှိနေတဲ့ တဦးတည်းသောသမီးဖြစ်သူ မမာမာဦးထံသို့ ဆွေမျိုး နီးစပ်များရဲ့တောင်းဆိုမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်းကြားပေးခဲ့ရပါတယ်။ မမာမာဦးက … “ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း၊ ဒါပေမယ့် စိတ်ဓာတ်မကျကြောင်း အပြင်မှာရှိတဲ့ လုပ်ဖော် ကိုင်ဖက်ဟောင်းများတိုင်ပင်ပြီး ဖခင်ရဲ့ရက်လည်ကိစ္စကို ဆောင်ရွက်ပေးကြပါ” ဟုပြောကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက မမာမာဦးရဲ့ ဆွေမျိုးတော်စပ်သူတဦးသို့ အကြောင်းပြန်ကြောင်း ကြားသိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts